နှစ်ဖက်တိုက်ပွဲများဆက်လက် ပြင်းထန်နေ

ဗန်းမော်ခရိုင်အတွင်းရှိ ဘွမ်ပရီတောင်တွင်နေရာယူထားသော ကေအိုင်အေအမှတ်(၁)တပ်ရင်းရှိရာသို့  မြန်မာစစ်တပ်မှ ဆက်လက်ထိုးစစ်ဆင်နေမူကြောင့် ဧပြီလ(၃)ရက် နံနက်၁၀နာရီအချိန်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ ဒမ်ဆပါမှတက်လာသောမြန်မာစစ်တပ်မှကေအိုင်အေတပ်ရင်း(၁) တပ်ဖွဲ့ဝင်များအား ဧပြီလ(၁)ရက် နေ့လည်၁း၁၀နာရီအချိန်မှစတင်ပြီး ချုံခိုတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မြစ်ကြီးနားခရိုင် ဒွမ်ဘုန်ကျေးရွာစာသင်ကျောင်းတွင်ရောက်ရှိနေသော ခ.လ.ရ(၂၉ ၈)တပ်မှမြန်မာစစ်သားအင်အား(၃၀)ကျော်နှင့် ကေအိုင်အေ အမှတ်(၁၁)တပ်ရင်းတို့ ဧပြီလ(၂)ရက် ညနေ ၆း၄၀-၇း၀၅နာရီအတွင်း တိုက်ပြွဲဖစ်ပွားခဲ့ကြောင်းသိရှိရသည်။ ခ.လ.ရ(၂၉၈) တပ်ဖွဲ့ဝင်များသည် ဧပြီလ(၂)ရက် နေ့လည် ၁၁း၃၀နာရီခန့်မှစ၍ ဘွမ်ဘုန်မြစ်ရိုးအောက်ခြေမှတစ်ဆင့် တင်းရတ်မြစ်ဆုံတံတားတစ်လျှောက်သွားလာလှုပ်ရှားနေကြောင်းဆက်လက်သိရှိရပါသည်။ မုံးစီးခရိုင် လွယ်ဆိုင်ကျေးရွာအနီးတွင်လည်း မ.ဟ.ဟ အမှတ် (၂)တပ်ရင်းမှတပ်ဖွဲ့်ဝင်များနှင့် မြန်မာစစ်တပ်အင်အား (၅၀)ခန့် ဧပြီလ(၁)ရက် နံနက်၁၀း၁၅နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ လွန်ခဲ့သောမတ်လ ၃၁ ရက်ည ၁၁း၁၅ အချိန်တွင် ဟူးကောင်းခရိုင် တွမ်မရိကျေးရွာရှိ ကေအိုင်အိုခရိုင်ရုံးတွင်တပ်စွဲနေရာယူထားသောမြန်မာစစ်တပ်အား ကေအိုင်အေတပ်ရင်း (၁၄)တပ်ဖွဲ့ဝင်များမှ အာပီဂျီ၊ကရလ၊၇၉မမ၊စက်သေနတ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။ မြန်မာစစ်တပ်မှလည်း မော်တာ၊ စက်သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။

တနိုင်းဒေသဖက်သို့ မြန်မာစစ်တပ် မှ အပြင်းအထန် ထိုးစစ်ဆင်နေ

ယခုရက်ပိုင်းတွင်း ကေအိုင်အေ တပ်ရင်း(၁၄)နယ်မြေ၊ တနိုင်းဒေသဖက်သို့ မြန်မာစစ်တပ် မှ မတ်လ(၃)ရက်နေ့မှ တဖန် စတင် ထိုးစစ်ဆင်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ပြင်းထန်လာကြောင်းသိရှိရသည်။ မတ်လ(၆)ရက်နေ့ နံနက်၈း၀၀နာရီအချိန်မှစ၍ မြန်မာတပ်မှ ကေအိုင်အေ ထိန်းချုပ်ရာသံလွင်ဖက်ဆီသို့ စစ်အင်အားအများ အပြားသုံးကာ ထိုးစစ်ဆင်လာခြင်းကြောင့် ဒင်ခွန်(၂)နှင့်ဒင်ခွန်မြစ်တံတား တစ်လျှောက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျှက်ရှိကြောင်း  ကေအိုင်အေသတင်းရပ်ကွက်များမှ သိရှိရသည်။ မြန်မာတပ်မှ ဂျခရီဂျူးတောင်ကုန်းမှနေ၍ နမ်ခမ်းဖက်သို့လက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်နေကြာင်း လည်း ရှေ့တန်းသတင်းကြားသိရသည်။ မတ်လ(၆)ရက် ညနေ၄း၃၀အချိန်ခန့်တွင် မြန်မာတပ်မှ စစ်သည်အင်အားအဆမတန်တိုးချဲ့ကာ ထိုးစစ်ဆင်လာ ခြင်း ကြောင့်ကေအိုင်အေ တပ်ရင်း(၁၄)တပ်များ နောက်တန်းသို့အနည်းငယ်ဆုတ်ကာ နေရာယူနေလျက်ရှိသည်။ မတ်လ(၆)ရက် ညနေ၅း၅၅ အချိန်တွင် နမ်ဗြူကျေးရွာအတွင်းသို့ မြန်မာတပ်မှစစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက် လာခြင်းကြောင့် ကေအိုင်အေ တပ်မှ တိမ်းရှောင်နေရာ ယူခဲ့ရကြောင်း သိရှိရသည်။ မြန်မာတပ်မှ အင်ဂမ်ပါ၊ […]

မြစ်ကြီးနားတွင် မူခင်း ဖြစ်ပွားမူ နှုန်းမြင့်တက်

လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်သည့် အောက်တိုဘာလ ၁၃ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မြစ်ကြီးနားမြို့တွင် မူခင်းဖြစ်ပွားမူနှုန်း သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။ နေ့လည်နေ့ခင်း လမ်းမများတွင် ပိုက်ဆံအိတ်နှိုက်၊ ဆွဲကြိုးဖြတ်၊ အလစ်သုတ် မူများ မကြာ ခဏဖြစ်ပွားလာကြောင်း မြို့ခံများက ဆိုသည်။ အောက်တိုဘာလ ၂၅ ရက်နေ့တွင်လည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက် ရှိ ၉၉၉ အုတ်လုပ်ငန်း ပိုင်ရှင်၏ နေအိမ်ကို မနက် ၁ နာရီဝန်းကျင်တွင် ဓမြတိုက်ခဲ့ ကြောင်းသိရသည်။ လတ်တလောတွင် အိမ်တွင်းသို့ ၀င်ရောက်ဓမြတိုက်မူ များလည်း မြင့်တက် လာကြောင်းသိရသည်။ လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်သည့် အကျဉ်းသား ခြောက်ထောင်ကျော်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ၀န်းကျင်သာရှိပြီး အများစုမှာ ခိုး၊ ဆိုး၊ နှိုက်လူသတ် ရာဇ၀တ်မူ ကြောင့် ပြစ်ဒဏ်ခံ ရသူများဖြစ်သည်။

ကချင်ပြည်နယ် မိုးမောက်မြို့ အနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီးရှိ ခ၀န်ဘန် ( ကျောက်စခန်း ) ကျေးရွာ အနီးတ၀ိုက် တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ အောက်တိုဘာလ ၂၅ ရက်နေ့ထိဆိုပါက ၈ ရက်ကြာ ခဲ့ပြီဖြစ်သည်။ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်များနှင့် မြန်မာအစိုးရစစ်တပ် စကခ ၂၁ လက်အောက်ခံတပ်များ နေ့လည် ၁၁ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မြန်မာအစိုးရ စစ်တပ်မှ ၃ ဦးကျဆုံးပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာ ရရှိသွားကြောင်းသိရသည်။ လတ်တလောတွင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲ   ဖြစ်ပွားသည့် ကျေးရွာများတွင် မြန်မာအစိုးရစစ်တပ်မှ အများပြည်သူများ၏ […]

စစ်ပြေး ဒုက္ခသည်များ ခိုလှုံနေသည့် မြစ်ကြီးနားမြို့မှ ဆန်ကိုလံဘန်ဘုရားကျောင်းဝင်း ရှိ ခန်းမ မီးလောင်

အောက်တိုဘာလ ၂၅ ရက်နေ့၊ နံနက် ၃ နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်း ကျေးရွာမှ ဆန်ကိုလံဘိုကတ် သလစ်ဘုရားကျောင်းဝင်းအတွင်းရှိ နှစ်ထပ်ဆောင် တဆောင် မီးလောင်သွားကြောင်းသိရသည်။ ယင်းနေရာတွင် မြစ်ကြီးနားနှင့် ၀ိုင်းမော်တ၀ိုက်မှ စစ်ပြေးဒုက္ခသည်များ လာရောက် ခိုလှုံနေသည့် နေရာလည်းဖြစ်သည်။ ယင်းမီးလောင်မူသည် အံအားသင့်ဖွယ်ဖြစ်ပြီး  တစုံတယောက်မှ လုပ်ကြံမီးရှို့ခြင်းလည်းဖြစ်နိုင်ကျောင်း ယင်းဘုရားကျောင်း အတွင်း နေထိုင်သူတဦးက ဆိုသည်။