ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာဒေသတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ရှာဖွေတွေ့ရှိမှု နေ့စဉ်နေ့တိုင်း တိုးများနေကာ ကုသရေးစင်တာနဲ့ မိမိနေအိမ်တွင် ကျန်းမာရေးကုသခံယူနေကြသူ ၂၆၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။ ကိုဗစ်ပိုးကူစက်ခံရမှုတွေက ဆက်လက်ရှိနေဆဲဖြစ်တာကြောင့် မုန်လိုင်ခက် ကိုဗစ်ကုသရေးစင်တာတွင် ရောဂါပြင်းထန်သူများကိုသာ သီးသန့်လက်ခံပြီး ဆေးဝါးကုသမှုပေးအပ်နေကြောင်း စင်တာ တာဝန်ရှိသူထံမှ သိရပါတယ်။ ယခင်အချိန်များက အဆိုပါစင်တာတွင် ကိုဗစ်ကူးစက်ခံထားရသူတိုင်းကို ကျန်းမာရေးစောင့်ကြည့် ကုသပေးနိုင်ပေမယ့် လက်ရှိတွင် လိုင်ဇာမြို့တွင်း နိုဝင်ဘာလက စတင်ပြီး ကိုဗစ်ကူးစက်ပျံ့နှံမှု ဆိုးရွားလာခြင်းကြောင့် ရောဂါအခံရှိသူ၊ ကိုဗစ်ရောဂါပြင်းထန်သူများကိုသာ လက်ခံပြီး ကုသပေးနိုင်တော့ကြောင့် စင်တာ တာဝန်ခံ ဒေါက်တာအောင်ဂမ် ကပြောပါတယ်။ လိုင်ဇာမြို့တဝိုက်တွင် ကိုဗစ်ပိုးကူစက်ခံထားရသူများကို စင်တာ ၉ ခုဖွင့်လှစ်ပြီး ဆေးဝါးကုသ စောင့်ကြည့်မှုတွေ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ လက်ရှိအချိန်တွင် မုန်လိုင်ခက် ကိုဗစ်ကုသရေးစင်တာတွင် ဆေးဝါးကုသခံယူနေသူ ၆၉ […]
Category: ခေါင်းကြီး သတင်း
စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ PDF ပူးပေါင်းတိုက်ခိုက်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ချောင်းဝကျေးရွာတွင် နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်း ၄ နာရီခန့်တွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်၊ ဒေသပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ တပ်ရင်းအမည်မသိရှိရသေတဲ့ အဆိုပါ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းက ကချင်ပြည်နယ် စစ်အင်အားတိုးချဲ့ဖို့ ထွက်ခွာလာစဉ် KIA နဲ့ PDF တိုးပူးပေါင်းပြီး စောင့်ကြို တိုက်ခိုက်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံး ဒဏ်ရာရရှိမှု သတင်းအချက်အလက်အပြည့်အစုံကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က ကချင်ပြည်နယ်အတွင်း စစ်အင်အား၊ လက်နက်ခဲယမ်းများဖြည့်တင်းကာ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေလည်း ခပ်စိတ်စိတ်ပြုလုပ်လာခြင်းကြောင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများလည်း နေ့တိုင်းရှိနေကာ နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၆)နဲ့ (၄၄) […]
နမ့်ဂျန်တွင် ကေအိုင်အေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဆက်လက်ဖြစ်ပွားဆဲ
ဖားကန့်မြို့နယ်၊ ကံဆီးဒေသ၊ နမ့်ဂျန်ကျေးရွာအုပ်စု အောင်လဲန် သုသာန်အနီးတဝိုက်တွင် နိုဝင်ဘာ ၁၅ ရက် ယနေ့ညနေပိုင်း ၄ နာရီခွဲခန့်တွင် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်တို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ အင်အား (၅၀) ပါစစ်ကြောင်းက ကေအိုင်အေတို့် တပ်စွဲအခြေချထားတဲ့ အောင်လဲန်ဘက် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၆) မှ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းစခန်းထံမှသိရပါတယ်။ နှစ်ဖက်ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခြင်းက ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် ရပ်တန့်သွားပေမယ့် ကံဆီးကျေးရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာဘက် လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့ကြောင်း သိရပါတယ်။ အောင်လဲန်တွင် နိုဝင်ဘာ ၁၃ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ […]
စစ်ကောင်စီလေတပ်မှ ကေအိုင်အေရှေ့တန်းစခန်းများကို ဗုံးကြဲတိုက်ခိုက်ခြင်း
စစ်ကောင်စီအာဏာသိမ်းပြီးများမကြာမီ စစ်ပွဲများငြိမ်နေတဲ့ ကချင်ပြည်နယ်မှာ မတ်လ ၁၁ ရက်ကစပြီးတိုက်ပွဲများပြန်လည် ပြင်းထန်လာခဲ့ပါတယ်။ သည့်ရှေ့မှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းအချို့ဒေသများ၌သာ ကေအိုင်အေနဲ့ စစ်တပ်အကြား ထိတွေ့တိုက်ပွဲများရှိခဲ့ပါတယ်။ ကေအိုင်အိုဗဟိုကော်မတီမှ အခြေအနေပိုမိုခက်ခဲရှုပ်ထွေးသွားစေရန် ကြံစည်လုပ်ဆောင်မှုများမပြုလုပ်ကြရန်၊ ဖမ်းဆီးထိန်းသိမ်းခြင်းများ ထပ်မံမပြုလုပ်ရန် ဖေဖော်ဝါရီလ (၁၇) ရက်ရက်စွဲဖြင့် သဘောထားထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီတပ်မှ ပြည်သူကိုလက်နက်နဲ့ ခြိမ်းခြောက်ဖြိုခွဲတာတွေဆက်လုပ်နေမယ်ဆိုရင် ကေအိုင်အေအနေနဲ့ ပြည်သူ့တော်လှန်ရေးလှုပ်ရှားမှုမှာတစ်နည်းနည်းနဲ့ ပါဝင်သွားမည့်အကြောင်း ကေအိုင်အိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောခဲ့ပါတယ်။ မတ်လ (၁၁) ရက်မှာတော့ ကေအိုင်အေတပ်မဟာ(၉) လက်အောက် ကေအိုင်အေတပ်ရင်း (၂၆) တပ်ဖွဲ့များမှ ဖားကန့်မြို့နယ် ဆယ်ဇင်း နားမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ (၁၁၉) တပ်စခန်းကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။ တရက်ထဲမှာဘဲ စစ်ကောင်စီလေတပ်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်များ အသုံးပြုပြီး ကေအိုင်အေတပ်ရင်း (၂၆) ဌာနချုပ်ကို တိုက်ခိုက်လာပါတော့တယ်။ KLN […]
မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်နေခြင်းကြောင့် ပြည်သူလူထုများတိမ်းရှောင်နေရ
ဧပြီလ (၁၁)ရက် နေ့လည် ၂း၀၀နာရီအချိန်မှစ၍ ကေအိုင်အေများရှိရာ နေရာအရပ်ရပ်သို့ မြန်မာစစ်တပ်မှလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရှိရပါသည်။ မြန်မာစစ်တပ်သည် ၂း၀၀နာရီ၊ တစ်ချိန်တည်းမှာပင် လိုင်ဇာအထက်ပိုင်းရှိတောင်၊ လိုင်စင်တောင်၊ ကေအိုင်အေ တပ်ရင်းအမှတ် (၁)၊ (၃)၊ (၁၁)၊ (၁၈)၊ (၁၉ )၊ (၂၃)၊(၂၄)၊ (၃၀) နှင့် အမှတ်(၂၅၃) လှုပ်ရှားတပ်ရင်း များရှိရာဖက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည်။ တပ်မဟာ(၂)ဌာနချုပ်ရှိရာ အောင်လောက့်ဖက်သို့လည်းလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည့်အပြင် ဗုံးကြဲ လေယာဉ်ဖြင့်လည်းဝေဟင်မှဗုံးကျဲခဲ့ကြောင်းသိရှိရပါသည်။ ဖားကန့်ဒေသ၊ ကန်မိုင်းဒေသ ကေအိုင်အို အုပ်ချုပ်ရေးရုံး စိုက်ရာ၊ ကေအိုင်အေ အမှတ်(၆)တပ်ရင်းနှင့် မ.ဟ.ဟ တို့နေရာချထားရာ လိုင်နောင်ခူးကျေးရွာဖက်သို့ မြန်မာစစ်တပ်မှ စစ်မျက်နှာ(၄)ဖက်ဖွင့်ကာ အင်အားအလုံးအရင်းဖြင့်ချီတက်လားကြောင်းလည်း သိရှိရပါသည်။ မြန်မာစစ်တပ်သည်နောင်လွတ်၊ လိုင်နောင်မြစ်အောက်ဖက် ကထန်ယန်နှင့်ဆီအန်ကျေးရွာ၊ ဂျာရာယန်နှင့် မီးရထားလမ်းဖက် ထင်းရှူးတောင်မှကျော်ဖြတ်ကာချီတက်လာခြင်းဖြစ်သည်။ လိုင်စင်တောင်၊ ပါဂျောင်ကျေးရွာ ဖက်သို့ ဥဂါရှန်တောင်မှ […]