မြန်မာအစိုးရ စစ်တပ် ခ၀န်ဘန် ( ကျောက်စခန်း) ကျေးရွာတွင်းသို့ ၀င်ရောက် ရွာသားများပိုင် ပစ္စည်းများကို ခိုးယူ

မြန်မာအစိုးရ စစ်တပ် စကခ ၂၁ လက်အောက်ခံ၊ ခလရ ၄၇၊ ခလရ ၅၆၊ ခမရ ၆၀၁ တပ်ရင်း ၃ ရင်း၊ စုစုပေါင်းအင်အား ၂၀၀ ခန့်သည် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အနီး၊ ခ၀န်ဘန် ( ကျောက်စခန်း ) ကျေးရွာတွင်းတွင် ၀င်ရောက် တပ်စွဲ နေပြီး အောက်တိုဘာလ ၂၂ နေ့တွင် ရွာတွင်းရှိ နေအိမ်များကို ၀င်ရောက်ပြီး ရရာပစ္စည်းများကို ယူငင်နေကြောင်းသိရသည်။ ယင်းကျေးရွာသားများသည်  မြန်မာအစိုးရစစ်တပ် စတင်ဝင်ရောက်ချိန်မှ စတင်ကာ ကေအိုင်အို ထိန်းချုပ်ထားသည့် နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ယင်းကျေးရွာသည် မြန်မာအစိုးရ အုပ်ချုပ်မှုအောက်တွင်ရှိသည့် ကျေးရွာဖြစ်သည်။ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ခ၀န်ဘန်(ကျောက်စခန်း) ကျေးရွာနေ မိုးမောက်မြို့နယ် အထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်သဲသဲ (၃၆) နှစ် သည် မြန်မာအစိုးရ စစ်တပ်မှ ကျေးရွာတွင်းသို့ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် […]