နံနက် ၁၂း၀၀ နာရီ- ဆမား မြန်မာစစ်တပ်မှ ကေအိုင်အေအမှတ်(၂၅၃) လှုပ်ရှားတပ်ရင်း ဖက်သို့လက်နက်ကြီးဖြင့်(၅)ကြိမ်ပစ်သွင်းခဲ့
နံနက် ၁၂း၀၅ နာရီ- မြန်မာစစ်တပ်နေရာယူထားသောဖွန်းပြန်တောင်၊ ခရာတောင် နှင့် ဘွမ်ရဲတောင်မှ ကေအိုင်အေ အမှတ်(၂၄)တပ်ရင်းဒေသ၊ အလန်တောင်၊ လခွမ်တောင်၊ ကွမ်ပါရန် နှင့် ကေအိုင်အေအမှတ်(၅)တပ်မဟာ ပတ်ဝန်းကျင်တစ်ဝိုက်သို့ လက်နက်ကြီးအချက်ပေါင်း(၂၀)ကျော် ပစ်ခတ်
နံနက် ၁၂း၀၅ နာရီ- ကေအိုင်အေအမှတ်(၂၅)တပ်ရင်းဒေသ၊ နုန်လန်ကျေးရွာအထက် ရှန်တုံတောင်ရှိ မြန်မာစစ်တပ်မှ ငါငါယန်နှင့် ဂျော်မော်ဖက်သို့ လက်နက်ကြီးဖြင့် (၉) ကြိမ်ပစ်ခတ်
နံနက် ၁၂း၀၀ – ၁၂း၁၅ နာရီ – အမှတ်(၂၁)တပ်ရင်းဒေသ၊ ယော်ယုံးတောင်၊ ဘန်ယောင်တောင်တစ်ဝိုက်ရှိ မြန်မာစစ်တပ်မှ ကေအိုင်အေ အမှတ်(၂၁)တပ်ရင်း ရှေ့တန်းစခန်းဖက်သို့ မမ-၆၀ ဖြင့် (၆)ကြိမ်၊ မမ-၁၀၅ ဖြင့်(၁)ကြိမ် ပစ်သွင်းခဲ့သည်။ ဒုံဘောင်တောင်ရှိ မြန်မာစစ်တပ်သည် ဖရီဒိတောင်ကြောဖက်သို့ မမ-၁၂၀ ဖြင့်(၆)ကြိမ်ပစ်သွင်းခဲ့
နံနက် ၁၂း၁၅ နာရီ – ကေအိုင်အေအမှတ်(၁၅)တပ်ရင်းဒေသ၊ ဒုံဘောင်တောင်ရှိမြန်မာစစ်တပ်မှ မမ-၁၂၀ ဖြင့် (၄)ကြိမ်ပစ်ခတ်ခဲ့ရာ မုန်းမြစ်ကမ်းနားရှိ ဖရီဒိကျေးရွာအနီးသို့ကျရောက်
နံနက် ၅း၀၀နာရီ- ကေအိုင်အေ အမှတ်(၁၁)တပ်ရင်းမှတပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်တပ် ခ.လ.ရ(၂၉၈)လက်အောက်မှတပ်ဖွဲ့ သည်လီဒိုလမ်း၊ မရမ်ကျေးရွာအလွန်၊ တိန်းရပ်ဇွပ်၊ ဆမလမ်းခွဲ အင်ဒန်ဂျူးကုန်းတွင်တိုက်ပွဲဖြစ်ပွား
နံနက် ၅း၀၀ နာရီ- အမှတ်(၁၄)တပ်ရင်းမှတပ်ဖွဲ့ဝင်များသည် ခ.လ.ရ(၂၉၇)၊ ခ.မ.ရ(၃၈၁) နှင့် ပြည်သူ့စစ် တပ်ပေါင်းစု အားဟူးကောင်းခရိုင်၊ တန်းကောက်ကျေးရွာနှင့် နမ်ဖျတ်ကျေးရွာကြားရှိ ယုဇနကုမ္ဗဏီနေရာတွင်သွားရောက်စီးနင်းတိုက်ခိုက်ရာမှတိုက်ပွဲဖြစ်ပွား
နံနက် ၅း၂၂ – ၅း၃၅ နာရီ- ကေအိုင်အေအမှတ်(၁၁)တပ်ရင်းမှတပ်ဖွဲ့သည် ဒုံဘွမ်ကျေးရွာအနီးရှိ ခ.လ.ရ(၂၉၈)လက်အောက်ခံ တိန်းရပ်မြစ်စခန်းအားစီးနင်းတိုက်ခိုက်ရာမှတိုက်ပွဲဖြစ်ပွား
နေ့လည် ၁း၃၀ နာရီ- ကာမိုင်းအနီးရှိ ပုံးခေါ်တောနေရာတွင်မြေမြှုပ်ဗုံးတစ်လုံးပေါက်ကွဲပြီးနောက် မြန်မာစစ်တပ်မှ လက်နက်ကြီး/ငယ် များပစ်ခတ်
နေ့လည် ၁း၄၀ နာရီ-ကာမိုင်းနှင့် လိုင်နောင်ခူး တစ်လျှောက်ရှိမြန်မာစစ်တပ်မှ ဂါးခရန်စခန်းဖက်သို့လက်နက်ကြီးဖြင့် ပစ်ခတ်
နေ့လည် ၃း၁၅ နာရီ- လိုင်ဇာခရိုင်၊ ဘန်ဆောဝ် အောက်ဖက်ရှိ ဂျူးဂျူးပါတွင် နမ်ထုန်တောင်ဖက်မှ လှုပ်ရှားဝင်ရောက်လာသော မြန်မာစစ်တပ် အင်အား(၂၀)ခန့်အား ကေအိုင်အေအမှတ်(၁၈)တပ်ရင်းမှ RPG ဖြင့်(၁)ကြိမ်ပစ်သွင်းခဲ့
ည ၈း၃၅ – ၈း၅၀ နာရီ- ကာမိုင်းဗျူဟာကုန်းရှိ မြန်မာစစ်တပ်မှ ၀မ်ဘွမ် ဖက်သို့ လက်နက်ကြီးဖြင့် (၃)ကြိမ် ပစ်ခတ်