အင်ဂျန်းယန်ဒေသတွင် အင်တာနက်လိုင်းအမြန်ဆုံးရရန်ဒေသခံများလိုလား

အင်ဂျန်းယန်မြို့နယ် အနီးတဝိုက်ရှိမြို့များတွင် GSM ဖုန်းအင်တာနက်လိုင်းရရှိရန်အတွက် အင်ဂျန်းယန်ဒေသခံပြည်သူများက အစိုးရတာဝန်ရှိသူများထံ တောင်းလျှောက်ထားကြောင်း သိရှိရပါတယ်။

ယခုအချိန်အင်ဂျန်းယန်တွင် CDMA ဖုန်းလိုင်းများသာရှိပြီး၊  GSMဖုန်းအင်တာနက်လိုင်း မရရှိသေးသောကြောင့် ဒေသခံတွေရဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာများ အသိနောက်ကျနေသဖြင့် ဒေသခံများက အင်တာနက်လိုင်းအမြန်ဆုံးရရှိရန် လိုလားကြောင်း၊ ဖုန်းအင်တာနက်လိုင်း မရှိသောကြောင့် နေရာတိုင်းတွင်နောက်ကျနေပြီး မိမိဒေသအတွင်းရှိ သတင်းအကြောင်းအရာကို မြန်ဆန်စွာမသိရှိနိုင်ခြင်းသာမက ခရိုင်တခုနှင့်တခုလမ်းပန်းဆက်သွယ်ရာတွင် ခက်ခဲသောကြောင့် အင်တာနက်လိုင်းအမြန်ဆုံးရရှိနိုင်ရေးကို‌တောင်းဆိုကြောင်း အင်ဂျန်ယန်ဒေသခံ ဆရာမော်ကု ဘရန်ရှောင် က ဆိုပါတယ်။

အင်ဂျန်းယန်မြို့နယ်တွင် လူဦးရေရှစ်ထောင်ကျော်ရှိရာ ထိုထဲတွင် ကချင်လူမျိုးစုက အများဆုံးနေထိုင်ပြီး အစိုးရတွင်လဲ GSM အင်တာနက်လိုင်းတပ်ဆင်ရေးအတွက် ဒေသခံပြီးသူများတောင်းလျှောက်ထားသည်ကို သိရှိသော်လည်း ယခုထိအကောင်အထည်ဖော်ဆောင်ရွက်ပေးမှု မရှိသေးကြောင်းသိရပါတယ်။

Leave a Reply

*