ကေအိုင်အိုအစိုးရ ကျန်းမာရေးဌာနချုပ်မှ ဖွင့်လှစ်သင်ကြားပေးနေတဲ့ အမှတ်စဉ် (၉) သားဖွားသင်တန်းကျောင်းဆင်းပွဲကို ယနေ့ ဧပြီ ၂၄ ရက်နေ့ ဌာနချုပ်ရှိ ပြည်သူ့ဆေးရုံ ဝန်ဂျက်ခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။

“နိုင်ငံနဲ့လူမျိုး ခိုင်မာနေဖို့ စိတ်ရင်းစေတနာအပြည့်ဖြင့် ကာကွယ်ပေးတတ်တဲ့စိတ်ရှိဖို့ လိုအပ်တယ် ကိုယ့်ရဲ့နိုင်ငံနဲ့လူမျိုးလွတ်မြောက်ရေးလမ်းကြောင်းကို ထောက်ခံတဲ့စိတ်ရှိဖို့လိုတပ်၊ ကိုယ့်ရဲ့နိုင်ငံ ဖွံဖြိုးတိုးတက်လာစေချင်တဲ့စိတ်လိုအပ်တယ်၊ ကိုယ့်လူမျိုးတွေ သွေးစည်းညီညွတ်စွာဖြင့်ရှိနေတာကို လိုချင်တဲ့စိတ်ရှိရမယ်၊ မိမိအသက်နဲ့စည်းစိမ်အားလုံးကို ပေးဆပ်နိုင်သူတွေဖြစ်ရမယ်၊ မိမိနိုင်ငံနဲ့လူမျိုးအပေါ် သစ္စာစောင့်သိနေရမယ်” လို့ ကျန်းမာရေးဌာနတာဝန်ခံ ဗိုလ်ကြီး လမိုင်ဆိုင်းခွမ် မှမိန့်ခွန်းတွင်ပြောကြားခဲ့ပါတယ်။
အမှတ်စဉ် (၉) သားဖွားသင်တန်းကို ၂၀၁၉ ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စာသင်နှစ်တစ်ခုအတွက် ၆ လ သတ်မှတ်သင်ကြားပေးခြင်းဖြစ်ကာ Preclass သင်ကြားပို့ချခြင်းကို ၆ လ နဲ့ ဆေးပညာနဲ့သားဖွားဘာသာရပ်ကိုတော့ ၁၀ လ သတ်မှတ်ပြီး ဆေးရုံတွင် လက်တွေ့သင်ကြားခံယူခြင်းကိုတော့ ၆ လ သတ်မှတ်ကာ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပြီး ဒီအမှတ်စဉ်မှာတော့ ကျောင်းဆင်းခွင့်ရရှိသူ ၅၂ ဦးရှိခဲ့ပါတယ်။
ဒီသားဖွားသင်တန်းကျောင်းမှာတော့ သာဖွားခြင်းဆိုင်ရာပညာရပ်၊ ဖျားနာသူများကို ပြုစုပေးခြင်းဆိုင်ရာ၊ ရှေ့ဦးသူနာပြုပညာရပ်၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာပညာရပ်နဲ့ အခြားသော သိသင့်သိထိုက်တဲ့အရာများဖြစ်တဲ့ ကချင်ဘာသာစကား၊ ကချင်ရိုးရာယဉ်ကျေးမှုနဲ့သပိုင်းများ၊ နိုင်ငံရေးရပ်တည်ချက်နဲ့ တော်လှန်ရေးသမိုင်းများကိုလည်း ပို့ချပေးခဲ့ပါတယ်။