ဇူလိုင် ၂၀ ရက်နေ့ကစတင်ပြီး လိုင်ဇာမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ သင်ကြားမှုတွေ စတင်လိုက်ပါပြီ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကာလဖြစ်တာနဲ့အညီ ကျောင်းများကို ဖွင့်လှစ်နိုင်ဖို့ ကျောင်းတိုင်းရှိ ကျောင်းဆရာများနှင့် ကျောင်းသား အယောက် ၄၀၀ ကို ကိုဗစ်-၁၉ ဆိုင်ရာ ကာကွယ်နည်းများ ပို့ချပေးကာ အခြားသောကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်စွက်ပြီး ကျောင်းဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။
မူလတန်းများကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာ၊ အလယ်တန်းကိုတော့ အင်္ဂါ၊ ကြာသပတေးနဲ့ စနေနေ့ စသည်ဖြင့် နေ့ရက်အသီးသီး ခွဲခြားသင်ကြားသွားမှာဖြစ်ကာ ရက်ခြားသင်ကြားခြင်းဖြစ်တာကြောင့် အိမ်စာပေးခြင်းနည်းလမ်းဖြင့် သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။
“တကယ်တော့ သူတို့ ၅ ရက်တက်ရမည်ကို ၃ ရက်ပဲ တက်ရမှာဖြစ်နေတော့ သင်ခန်းစာများကို အိမ်စာပေးလိုက်တဲ့ ပုံစံဖြင့် သင်ကြားနေတာပေါ့၊ ကျောင်းဆရာတွေကတော့ နေ့တိုင်းလာပြီး ကျောင်းသားတွေ တင်ထားတဲ့အိမ်စာတွေကို စီစစ်ပေးရမှာ ဖြစ်ပါတယ်။ မိဘများအနေဖြင့်လည်း ကိုဗစ်ကာလမှာ ကိုယ့်သားသမီးတွေ အိမ်စာလုပ်ဆောင်စေဖို့ သွန်းအားပေးရမှာဖြစ်တာကြောင့် သူတို့ကို အမြင့်ဖွင့်ပေးတဲ့ အစီအစဉ်တွေလည်း ပါဝင်မှာပါ” လို့ စာသင်ကြားမည့် ပုံစံကို ပညာရေးဌာန အတွင်းရေးမှူးဖြစ်တဲ့ မရစ်နော်ထွယ်က အခုလို ပြောပါတယ်။

လိုင်ဇာ အထက်တန်းကျောင်းမှာ ကျောင်းသားဦးရေ ၁၀၃၀ ဦး ကျောင်းအပ်ထားပြီဖြစ်ကာ ဆက်လက်ပြီးတော့လည်း ကျောင်းအပ်လက်ခံမှုတွေကို လုပ်ဆောင်နေကာ လွန်ခဲ့သောပညာသင်နှစ်မှာတော့ အယောက် ၁၁၀၀ ကျော် ပညာသင်ကြားခံခဲ့တာပါ။
ကိုဗစ်-၁၉ စိုးရိမ်ဖွယ် သိပ်မရှိတဲ့ အရပ်ဒေသရှိ ကျောင်းအချို့ကို ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကာ အခြေခံပညာကျောင်းများအပြင် မိုင်ဂျာယန်တက္ကသိုလ်၊ မိုင်ဂျာယန်ကောလိပ်နဲ့ ဖယ်ဒရယ်ကျောင်းများလည်း စတင်ဖွင့်လှစ်သင်ကြားနေပြီပဲ ဖြစ်ပါတယ်။