မုန်လိုင်ခက် ကိုဗစ်ကုသရေးစခန်းတွင် ကိုဗစ်လူနာ ၁၁၃ ဦး ဆေးဝါးကုသမှုခံယူနေ

ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းရှိ မကြာသေးခင်က ဖွင့်လှစ်လိုက်တဲ့ မုန်လိုင်ခက် ကိုဗစ်ကုသရေးစခန်းတွင် အောက်တိုဘာ ၇ ရက်နေ့ထိ ကိုဗစ်ပိုးရှိ လူနာ ၁၁၃ ဦးကို ဆေးဝါးကုသမှုပေးအပ်နေကြောင်း တာဝန်ရှိသူများထံမှ သိရပါတယ်။

ကိုဗစ်ကုသမှုခံယူနေသူများထဲတွင် အသက် ၆၀ အထက် ၃ ဦးပါဝင်ပြီး ရောဂါအခြေအနေ ပြင်းထန်ပြီး ICU အရေးပေါ်ခန်းတွင် ကြပ်မတ် ကုသမှုခံယူနေသူကတော့ ၂ ဦးရှိကြောင်း ဒေါက်တာအောင်ဂမ် ကပြောပါတယ်။

မုန်လိုင်ခက် ကိုဗစ်ကုသရေးစခန်းတွင် ကိုဗစ်ပိုးရှိလူနာများကို အမျိုးသား၊ အမျိုးသမီးအဖြစ် သီးသန့်စီခွဲခြားပြီး ဆေးဝါးကုသမှု ပေးအပ်နေကာ ရောဂါအခြေအနေ ဆိုးရွားသူများကိုတော့ အထူးကြပ်မတ်ခန်းတွင် ကုသမှုပေးအပ်နေတာဘဲ ဖြစ်ပါတယ်။

လိုင်ဇာမြို့တော်ဘက် ဝင်ရောက်နိုင်တဲ့ လမိုင်ယန်၊ မိုင်ဆပ်ပါနေရာများတွင် ကိုဗစ်-၁၉ ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိသူများ ထပ်တိုးမှုတွေ ရှိနေတာကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းများကို ယခင်ကတည်း တိုးပြီး လိုက်နက်ကျင့်သုံးကြဖို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီက သတိပေး တိုက်တွန်းထားပါတယ်။ 

လက်ရှိအချိန် လိုင်ဇာမြို့တွင် ကိုဗစ်ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိထားသူ ၁၀၀ ကျော်ရှိနေပြီး သံသယလူနာအဖြစ် ကျန်းမာရေးစောင့်ကြည့်ခံနေသူကတော့ ၂၉၃ ဦးရှိနေကြောင်း သိရပါတယ်။

Leave a Reply

*