ကေအိုင်အို အစိုးရ ပညာရေးဌာနမှ ဖွင့်လှစ်ထားတဲ့ မိုင်ဂျာယန်မြို့ရှိ မိုင်ဂျာယန်ကောလိပ်ရဲ့ ၂ ကြိမ်မြောက် ကျောင်းဆင်း ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ မေလ ၁၉ ရက်နေ့က မုန်ဇွပ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

မိုင်ဂျာယန်ကောလိပ်မှ ဘွဲ့ရရှိခဲ့တဲ့ ကျောင်းသားများက Bachelor Of Science in Computer ဘာသာရပ်ဖြင့် (၇) ဦး၊ Bachelor Of Science in Environmental ဘာသာရပ်ဖြင့် (၇) ဦး၊ Bachelor Of Arts In Polities ဘာသာရပ်ဖြင့် (၁၉) ဦး၊ Bachelor Of Arts in English Studies ဖြင့် (၁၅) ဦးနဲ့ Bachelor Of Arts in Development Studies ဘာသာရပ်ဖြင့် ၁၀ ဦး စုစုပေါင်း (၅၈) ဦး ဘွဲ့လက်ခံရယူခဲ့ကြပါတယ်။
မိုင်ဂျာယန်ကော်လိပ်ကျောင်းတွင် ပညာဆည်းပူးချင်သူ ကျောင်းသားသစ်များအနေဖြင့် ကျောင်းဝင်ခွင့်အတွက် မေလကုန်အထိ လျှောက်ထားနိုင်မှာဖြစ်ပြီး ကျောင်းလျှောက်လွှာပုံစံကိုတော့ Mai Ja Yang Amyusha College ဖေ့ဘုတ်စာမျက်နှာဖွင့် ရယူနိုင်ကြောင်း သိရပါတယ်။