ဘွမ်စစ်ပါ စစ်ဘေးရှောင်စခန်းတွင် ပြည်သူများနဲ့တွေ့ဆုံပွဲပြုလုပ်

ကေအိုင်အို အရှေ့ပိုင်းတိုင်းဌာနချုပ် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော်မတီနဲ့ ဘွမ်စစ်ပါတဝိုက်နေထိုင်တဲ့ ပြည်သူများ ဇွန်လ ၁ ရက်နေ့ ဘွမ်စစ်ပါစစ်ဘေးရှောင်စခန်းတွင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။

မေလ ၃၁ ရက်နေ့တုန်းကလည်း ဌာနချုပ်နယ်မြေအတွင်းရှိ ဒေသခံပြည်သူများနဲ့ ကော်မတီအနေဖြင့် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးဖြစ်ကာ ဒီတွေ့ဆုံမှုမှာလည်း ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးရေးရာနဲ့ စစ်ဘေးရှောင်ပြည်သူများကို ကူညီစောင့်ရှောက်ရေးစတဲ့အရာများကို အများပြည်သူရဲ့ ထဲထဲဝင်ဝင် ရှုမြင်သုံးသပ်ချက်တွေကို စုဆည်းရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

အရှေ့ပိုင်းတိုင်းဌာနချုပ် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော်မတီအနေဖြင့်လည်း လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းရပ်များနဲ့သက်ဆိုင်ပြီး ရှင်းလင်းပြောဆိုခဲ့ကာ ဆက်လက်လုပ်ဆောင်ရမည့်အရာများနဲ့ အခြားသော သိရှိထားရမည့် အရားများကိုလည်း အားလုံးအတူတကွ ဖြည့်စွက်ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

Leave a Reply

*