ဒုံဘွမ်ကျေးရွာသားတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံး

ဧပြီလ(၁၃)ရက်နံနက် တွင်မြန်မာစစ်တပ်မှပစ်လိုက်သော မမ-၆၀ လက်နက်ကြီးတစ်လုံးသည် မြစ်ကြီးနားခရိုင်၊ ဒုံဘွမ်ကျေးရွာ ပညာသင်ကျောင်းအနီးမှ ဦးအင်ယူယော်ဆန်(ဦးကျော်မြင့်ဦး)နှင့်ဒေါ်ဖောင်ဂျုံထုဆန်ပိုင်နေအိမ်းပေါ်သို့ကျပြီးပေါက်ကွဲခဲ့ခြင်းကြောင့် ဦးအင်ယူယော်ဆန်မှာဆီးအိမ်တွင်လက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံးသွားကြောင်းနှင့် ဒေါ်ဖောင်ဂျုံထုဆန်မှာလည်းဒဏ်ရာပြင်းထန်စွာရရှိပြီးဆေးကုသမှုခံယုနေကြောင်းသတင်းရရှိပါသည်။

ယင်းနေ့နံနက်၅း၂၂-၅း၃၅နာရီအချိန်အတွင်း ကေအိုင်အေအမှတ်(၁၁)တပ်ရင်းသည် ဒုံဘွမ်ကျေးရွာအနီးရှိ ခ.လ.ရ(၂၉ ၈)လက်အောက်ခံ တင်းရပ်မြစ်စခန်းအားသွားရောက်စီးနင်းပစ်ခတ်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန်တွင်မြန်မာစစ်တပ်မှလက်နက်ကြီးပစ်ထည့်လိုက်ခြင်းဖြစ်သည်။

Leave a Reply

*