အူလန်ပါနယ်၊ ဒိန်ဂါ့ဘွမ်မြို့နယ်မှ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့အနေဖြင့် ကျေးရွာအတွင်းရှိ မူးယစ်ဆေးဝါးသုံးဆောင်သူများကို ဂါဒေါ့ကုန်းကျေးရွာရှိ ဘိန်းဖျက်စခန်းဘက် အဖွဲ့နဲ့အဖွဲ့ စေလွတ်ပြီး မူးယစ်ဆေးဝါးပျောက်ပျက်အောင် လုပ်ဆောင်နေကြပါတယ်။
ဒီဒေသမှာတော့ ဂျိန်းဖော့၊ လီဆူ၊ တအာန်း၊ ရှမ်းနဲ့ တရုတ်စတဲ့လူမျိုးတွေ နေထိုင်ကြတာ ကျေးရွာ ၂၆ ရွာတည်ရှိပြီး လူမျိုးပေါင်းစုံရှိတဲ့နေရာဖြစ်တာကြောင့် မူးယစ်ဆေးဝါးသုံးစွဲသူတွေလည်း ပေါများနေကာ မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ဆောင်ရာတွင် အစိုးရတပ်နဲ့ တအာန်းတပ်ကြား ဖြေရှင်းရမှုတွေရှိတာကြောင့် လုပ်ငန်းဆောင်တာ နှောင့်နှေးမှုတွေနဲ့ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။
“ကျတော်တို့ဒေသမှာ မြန်မာအစိုးရနဲ့နီးတဲ့နေရာဆိုရင် သူတို့ကြားမှာ လုပ်ဆောင်ရတာရှိတယ်။ တစ်ခါတစ်လေ သူတို့အနားမှာ နှိမ်နှင်းရေးတွေလုပ်ဆောင်မယ်ဆိုရင် သူတို့ကို အကြောင်းကြားရတာတွေများတယ်။ တစ်ခါတစ်လေကျတော့လည်း တအာန်းစစ်တပ်အနေနဲ့ သူတို့သတင်းရရခြင်း ချက်ချင်းဆိုသလို လာရောက်ဖမ်းဆီးသွာတာတွေလည်း ရှိတယ်” လို့ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့ တာဝန်ခံတစ်ဦးကပြောပါတယ်။
ဒိန်ဂါ့ဘွမ်ဒေသမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ များပြားလာခြင်းကြောင့် ယခုလို ဖမ်းဆီး နှိမ်နှင်းရေးတွေ လုပ်ဆောင်ခြင်းဖြစ်ကာ ဒေသတွင်း စိုးရိမ်ဖွယ်ဖြစ်ရပ်တွေလည်း ဖြစ်ပေါ်နေတာပါ။
ဇူလိုင် ၁၅ ရက်နေ့တုန်းက ၅ ကြိမ်မြောက်အဖြစ် မူးယစ်ဆေးဝါးဖျက်ပေးခြင်း ခံယူသူများကို ကတိကဝတ်ခံယူစေမှုတွေလုပ်ဆောင်စေပြီး အိမ်ပြန်ခွင့်ပေးခဲ့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒေသရှိ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးပပျောက်စေဖို့ ရှေ့ဆက်ပိုမိုတိုးပြီး လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။