စစ်ကောင်စီရဲ့ ၂၃ စီးပါ စစ်ယာဉ်တန်းကို ကိုးကန့်တပ်မတော် တိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၃၆ အခြေစိုက်တဲ့ မုံကိုး-ဖောင်းဆိုင်ဒေသဘက် စစ်အင်အားတိုးချဲ့ဖို့ လာရောက်တဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ၂၃ စီးပါ စစ်ယာဉ်တန်းကို ပန်ဆိုင်းဘက်အခြမ်း နမ့်ဘာတပ်အနီးတွင် အောက်တိုဘာ ၇ ရက် ညနေပိုင်း ၆ နာရီခန့်တွင် ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့မှ စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့ ၇ နာရီအချိန်ခန့်မှာတော့ ဖောင်းဆိုင်ဒေသတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကိုးကန်တပ်မတော် တည်ရှိတယ်လို့ ယူဆတဲ့ ဖောင်းဆိုင်ဆုတောင်းတောင်ဘက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံကိုး-ဖောင်းဆိုင်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်ကြား မကြာခဏဆိုသလို နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီကလည်း စစ်အင်အား၊ လက်နက်ခဲယမ်းများနဲ့ ရိက္ခာများ ဖြည့်တင်းခြင်းတွေကို ဆက်တိုက်ပြုလုပ်နေတာကြောင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

Leave a Reply

*