စစ်ကောင်စီတပ်ရင်းမှူးရဲ့ ယာဉ်စီးကားဖြင့် မူယစ်ဆေးဝါးကုန်သွယ်မှုပြုလုပ်ခဲ့

ဂန်ဒေါင်ယန်ကျေးရွာအုပ်စု မလိကျေးရွာဘက်ကနေ မူးယစ်ဆေးဝါး သယ်ဆောင်မှုပြုလုပ််နေတဲ့ မူးယစ်ကုန်သည် ၈ ဦးကို ဒေသလုံခြုံရေးရယူနေတဲ့ ကေအိုင်အေအဖွဲ့မှ ဧပြီ ၁၁ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မူးယစ်ဆေးဝါးသယ်ဆောင်သူများက နာ့ဖော်ဘွမ်အာဏာသိမ်းစစ်တပ်မှ တပ်ရင်းမှူးရဲ့ ပါဂျဲယိုးကားဖြင့် တောင်ပေါ်မှဆင်းလာတဲ့ အမျိုးသား ၆ ဦး အမျိုးသမီး ၂ ဦးကို မသင်္ကာခြင်းကြောင့် စစ်ဆေးမေးမြန်းစဉ် ဘိန်းစိမ်း ၁၂ ပိဿာရှိတဲ့အထုပ် ၄ ထုပ်ကို ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

မူးယစ်ကုန်သည်များကတော့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေ မဟုတ်ပဲ အောင်မြေ (၁) နဲ့ (၂) မှ ဒေသခံများဖြစ်နေတာကြောင့် လိုင်ဇာအုပ်ချုပ်ရေးရုံးဘက်ကို ပို့ဆောင်ခဲ့တယ်လို့ ဂန်ဒေါင်ယန်ကျေးရွာအုပ်စု တာဝန်ရှိသူထံမှ သိရပါတယ်။

လိုင်ဇာအုပ်ချုပ်ရေးရုံးအနေဖြင့် မူးယစ်ကုန်သည် ၈ ဦးကို စစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်အပြီးမှာတော့ မူယစ်ဆေးဝါနှိမ်နှင်းရေး ဗဟိုဌာနဘက်ကို ပြန်လည်လွဲပြောင်းပေးခဲ့ပါတယ်။

Leave a Reply

*