ခ.လ.ရ(၄၇) မှ စက်သေနတ် ဖြင့် ပစ်ခတ်၊ ဆုတောင်းတောင်နှင့် အင်လုံတောင်တစ်ဝိုက်တွင် ဗုံးများထောင်ထား

မတ်လ ၂ ရက်, ညနေ ၅:၃၀ နာရီ အချိန်၊ မံစီမြို့နယ် မတက်ကျေးရွာ တစ်ဝိုက်သွားလာလှုပ်ရှားနေသော ခ.လ.ရ(၄၇)တပ်မှ KIA တပ်ရင်း(၂၇) ဒူခူဖက်ခြမ်းသို့ MG-42 စက်သေနတ် ဖြင့်(၄)ကြိမ်တိုင်တိုင် တစ်ရစပ် ပစ်ခတ်ခဲ့ကြောင်းကြားသိရသည်။

၂၀၁၈ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် KIA တပ်ရင်း (၁၁)နယ်မြေ၊ နမ့်တီးအင်လုံတောင်တွင်နေရာယူတပ်စွဲထားသောဗမာ့တပ်မတော်သည် လမ်ဘရော်ယမ် KBC, RCM ဆုတောင်းတောင်နှင့် အင်လုံတောင်တစ်ဝိုက်တွင် ဗုံးများထောင်ထားပြီးအများပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန်တားမြစ်ထားကြောင်းသိရသည်။

Leave a Reply

*