ကြူကုတ်ပန်ဆိုင်းတွင် တရုတ်နိုင်ငံသားတစ်ဦး ကျည်ထိမှန်

ရှမ်းပြည်နယ်မြောက်ပိုင်း ကြူကုတ် ပန်ဆိုင်းမြို့ တွင် လက်နက်ငယ်ဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အဆိုပါ ပစ်ခတ်မှုက မည်သည့်အဖွဲ့ဖြစ်ခြင်းကို မသိရှိရသေးပေမယ့် ပစ်ခတ်လိုက်တဲ့ ကျည် တရုတ်နိုင်ငံသားတစ်ဦးကို ထိမှန်ခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ သက်ကြီးပိုင်း တရုတ်နိုင်ငံသားမှာ ဒဏ်ရာ ပြင်းထန်မှု မရှိပေမယ့် အနီးတဝိုက်မှ ပြည်သူများ စိုးရိမ်ထိတ်လန့်နေခဲ့ကြရပါတယ်။ ထို့အပြင် ဖောင်းဆိုင်ရွာ အနီးတွင်လည်း ယနေ့ညနေ ၅နာရီခွဲမှ ၇နာရီခွဲအထိ ပစ်ခတ်မှုများရှိခဲ့သည်လို့လည်း  သိရပါတယ်။

Leave a Reply

*