ကေအိုင်အိုအစိုးရ၊ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ယနေ့ ဧပြီ ၂၁ ရက်နေ့က စတင်ပြီး ဖြေဆိုနေကြပြီ ဖြစ်ပါတယ်။

၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၂၁၉၂ ယောက်ရှိတာဖြစ်ပြီး ကေအိုင်အို ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားတဲ့ လိုင်ဇာ၊ အလန်းယန်၊ မိုင်ဂျာယန်၊ အင်ဘာပါ၊ မုန်မြစ်ဆင်လီ၊ အင်ဂွမ်းလ၊ ကျိန်ထောင်ပါ၊ မုန်းပေါ်ပါနဲ့ လောဒ်အောင် အထက်တန်းကျောင်း ၉ ကျောင်းမှ ကျောင်းသားများ ဖြေဆိုနေကြတာ ဖြစ်ပါတယ်။
ယခင်ပညာသင်နှစ်တွင် ၈၀၀ ကျော်သာ ရှိရာကနေ ယခုပညာသင်နှစ်မှာတော့ နှစ်ဆကျော်များပြားခဲ့တာဖြစ်ပြီး ကိုဗစ်ရောဂါကြောင့် ကျောင်းပိတ်ထားရာကနေ ယခုနှစ်အစောပိုင်းတွင် ကျောင်းပြန်လည်ဖွင့်လှစ် သင်ကြားကာ ဧပြီ ၂၈ ရက်နေ့အထိ ဖြေဆိုသွားကြမှာ ဖြစ်ပါတယ်။
ထို့အပြင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၅ ရက်နေ့တွင် စတင်သွားဖို့ရှိနေပြီး ယခင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူကတော့ ၇၅ ရာခိုင်နှုန်းအထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။