လက်မှုပညာအခမဲ့သင်ကြားပေး

လက်မှုအတတ်ပညာကို အမှန်တကယ်စိတ်ဝင်စားတဲ့သူတွေကို ကချင်လူငယ်များအဖွဲ့ကွန်ယက်ကနေပြီးတော့ ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင် ၂၇ ရက်နေ့အထိ အခမဲ့သင်ကြားပေးခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အိမ်တွင်းမှာပဲ နေထိုင်နေရစဉ် အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် ဝင်ငွေရရှိနိုင်ဖို့ လက်မှုပညာကို စိတ်ဝင်တစားရှိတဲ့ အယောက် ၂၀ ကျော်ကို သင်ကြားပေးခဲ့ခြင်းဖြစ်ကာ သင်ကြားခံယူထားသူများရဲ့ လက်မှုပစ္စည်းများကိုလည်း ဈေးကွက်တွင်းဝင်ရောက်နိုင်ဖို့လည်း Kachin National Youth Network အနေဖြင့် ကူညီဆောင်ရွက်သွားဖို့ရှိနေပါတယ်။ “သူတို့အသုံးပြုဖို့ချည်ကြိုးတွေ အခြားပစ္စည်းတွေ ဆက်လက်ပြီးတော့ ကျမတို့ထုတ်ပေးသွားဖို့ရှိတယ်၊ သူတို့ဖန်တီးထားတဲ့ လက်မှုတွေကိုလည်း ဈေးကွက်ထဲရောက်ရှိရေး လုပ်ဆောင်သွားဖို့ ကူညီသွားဖို့ရှိပါတယ်” လို့ ကချင်လူငယ်များအဖွဲ့ကွန်ယက် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဆရာမဘောက်ဆိုင်း ကပြောပါတယ်။ သင်ကြားရေးကိုတော့ အွန်လိုင်းကနေပို့ချခဲ့ခြင်းဖြစ်ကာ လွယ်အိတ်ပုံစံအမျိုးမျိုး၊ ချည်နဲ့ပြုလုပ်တဲ့ လက်မှုတွေကို သင်ကြားပေးခဲ့ခြင်းဖြစ်ကာ ဆက်လက်ပြီးတော့လည်း လူငယ်တွေ […]