ကောင်းခါးမြို့နယ်၊ ပန်ဝန်ကျေးရွာရှိ အမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံဘက် ရောင်းစားခံလိုက်ရခြင်းကနေ အခုတော့ ပြန်လည်ကယ်တင်နိုင်ခဲ့ပါပြီ။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတုန်းက ရောင်းစားခံလိုက်ရခြင်းဖြစ်ကာ မရစ်တူးရော်နဲ့ ဖန်းအောင် ဆိုသူနှစ်ဦးက လိမ်လည်ပြီး တရုတ်နိုင်ငံဘက်ကို တစ်ဦးလျှင် ယွမ်ငွေ တစ်သိန်းနှစ်သောင်းဖြင့် ရောင်းစားလိုက်ခြင်းဖြစ်ကာ ရှမ်းပြည်နယ် ကချင်စာပေယဉ်ကျေးမူ့အဖွဲ့၊ အမျိုးသမီးဌာနဲ့ NeT အဖွဲ့အစည်းတို့ရဲ့ အကူအညီဖြင့် ပြန်လည် ရှာဖွေနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ရောင်းစားခံရသူ အမျိုးသမီးနှစ်ဦးကိုတော့ မူဆယ်အမျိုးသမီးရေးဌာနမှာ နှစ်လသာ နေထိုင်စေကာ လိမ်လည်ရောင်းစားသူ နှစ်ဦးကိုတော့ မူဆယ်တရားရုံးတွင် အမှုစစ်ဆေးနေပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းနဲ့ ကချင်ဒေသရှိ ကချင်အမျိုးသမီးများ လူကုန်ကူးမှုတွေ စဉ်ဆက်မပြတ်ဖြစ်ပွားနေကာ အချို့များကိုတော့ ရှာဖွေဖော်ထုတ်နိုင်ခဲ့ပေမယ့် ရှာဖွေနိုင်ခြင်းမရှိသေးသူများလည်း အများအပြားကျန်ရှိနေသေးကာ ရောင်းဝယ်ခြင်းခံလိုက်ရသူများကို ကူညီဖို့လည်း ငွေကြေးနဲ့အခြားသော အခက်အခဲများဖြင့် ကြုံတွေ့နေရတယ်လို့ ရှမ်းပြည်နယ် အမျိုးသမီးရေးဌာန ဒုတိယ ဥက္ကဋ္ဌဖြစ်တဲ့ […]