လိုင်ဇာမြို့နယ်၊ ဂန်ဒေါင်ယန်ကျေးရွာအုပ်စု မန်ဂါးယန်စစ်ဘေးရှောင်စခန်းတွင် ဇူလိုင် ၂၄ ရက်နေ့ ညနေပိုင်းတုန်းက အမျိုးသားတစ်ဦးက ဇနီးသည်ကို ဓားထိုးသတ်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဦးမရန်လကလွန်ခဲ့သောအချိန်များတွင်လည်း အိမ်ထောင်တွင်း ပြဿနာဖြစ်ပွားမှု မကြာခဏဆိုသလို ဖြစ်ပေါ်နေတာဖြစ်ကာ ဇနီးသည်ကိုလည်း ရိုက်နှက်မှုတွေ ပြုလုပ်တတ်တာကြောင့် ဂန်ဒေါင်ယန်မှာ ထိန်းသိမ်းထားခြင်းခံရစဉ် အလုပ်ကိစ္စအတွက် အိမ်တွင်းဆွေးနွေးစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်ဖြင့် အိမ်ပြန်သွားချိန်တွင် ယခုလို ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ဦးမရန်လအနေဖြင့် ဇနီးသည်ကို ဓားထိုးသတ်စဉ် ဇနီးသည်က အိမ်နဲ့ မီတာ ၁၀၀ ဝန်းကျင်အထိ အော်ဟစ် ထွက်ပြေးကာ လဲကျသတိမေ့သွားခဲ့ပြီး ဆေးခန်းရောက်ချိန် သေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။ သူတို့နှစ်ဦးက သားသမီး ၄ ဦးရှိကာ ၁၃ နှစ်အရွယ်နဲ့ မူကြိုအရွယ်ထိရှိကြကာ လက်ရှိမှာတော့ ကလေးများကို စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများက စောင့်ရှောက်မှု ပေးထားပါတယ်။ ဒီအမှုနဲ့ […]