Woi Chyai စစ်ဘေးရှောင်စခန်းတွင် ဆေးခြင်ထောင်ဝေမျှ

HPA အဖွဲ့အစည်းမှ  Woi Chyai စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေသူများကို ဆေးခြင်ထောင် ပေးဝေမှု ဇူလိုင်လ ၁၀ ရက်နေ့ ပြုလုပ်ခဲ့ပါတယ်။ အသက် ၅ နှစ်အောက်နဲ့ ကိုယ်ဝန်ဆောင်မိခင်များကို အဓိကထားပေးအပ်ခြင်းဖြစ်ကာ မိုးရာသီကာလအတွင်း တုပ်ကွေးဖြစ်စေနိုင်တဲ့ ခြင်ကိုက်ခြင်းမှ ကာကွယ်နိုင်စေဖို့ ဖြစ်ပါတယ်။ ခြင်ထောင်ဝေမျှခြင်းကို ငါးရက်တိုင်တိုင် ပြုလုပ်သွားဖို့ရှိနေကာ သောကြာနေ့မှာတော့ အပိုင်း ၁ နဲ့ ၃၊ စနေနေ့မှာတော့ အပိုင်း ၂၊ တနင်္လာနေ့မှာ အပိုင်း ၄ နဲ့ ၅၊ အင်္ဂါနေ့ အပိုင်း ၆၊ ဗုဒ္ဓဟူးနေ့မှာတော့ အပိုင်း ၇ စသည်ဖြင့် ရက်အပိုင်းအခြားပြုလုပ်ကာ အိမ်ထောင်စု ၁၀၀၀ ကျော်ကို ပေးဝေသွားမှာ ဖြစ်ပါတယ်။

ဆေးခြင်ထောင် ပထမဦးဆုံးအသုံးပြုမည်ဆိုပါက ရေဖြင့်အသုံးမပြုမှီဆေးကြော အရိပ်ရှိရာတွင်လှန်းပြီး အသုံးပြုနိုင်ပြီဖြစ်ကာ သုံးလတစ်ကြိမ်နှုန်းဖြင့် ပြန်လည် လျှော်ဖွတ်ပေးရမှာဖြစ်ကာ လျှော်ဖွတ်ချိန်တွင် ထုထောင်းခြင်း၊ ဆပ်ပြာအသုံးပြုခြင်း မပြုလုပ်ပဲ နေရောင်အောက်တွင်လည်း ထားရှိခြင်းက ရှောင်ကြည်ရမှာပဲ ဖြစ်သလို အများဆုံး သုံးနှစ်အထိ အသုံးပြုနိုင်ပါတယ်။

ဓာတ်ပုံ – Laiza TV

“ကျတော်တို့ ဒီဆေးခြင်ထောင်တစ်မျိုးပဲ အသုံးပြုနေတာပါ၊ ဟောင်းလာတာတို့ အရောင်ပြောင်းလာတို့ဖြစ်ရင် လျှော်ပြီးပြန်သုံးတာ ၂ နှစ်လောက်သုံးဖြစ်တယ်၊ ပေါက်ပြဲတာများသွားရင်တော့ အခြားတစ်ခုပြန်သုံးရတာပေါ့” လို့ ဆေးခြင်ထောင်ကို အသုံးပြုနေတဲ့ Woi Chyai စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ HPA အနေဖြင့် ဆေးခြင်ထောင်များကို သုံးနှစ်တစ်ကြိမ်နှုန်းဖြင့် ပေးအပ်ပေမယ့် လိုင်ဇာတဝိုက် ရာသီတုပ်ကွေးဖြစ်ပွားမှု များပြားလာခြင်းကြောင့် နှစ်စဉ်နှစ်တိုင်း ပြန်လည်ဝေမျှမှု ပြုလုပ်နေကာ ဖုန်လွန်ယန်၊ ဂျဲယန်စစ်ဘေးရှောင်စခန်းနဲ့ အခြားသောနေရာများကိုလည်း ဆေးခြင်ထောင်ပေးဝေမှုရှိပါတယ်။

Leave a Reply

*