WHG မှ ကချင်လူမျိုးများရဲ့ ရိုးရာယဉ်ကျေးမှုသမိုင်း ပို့ချခြင်းပြုလုပ်

မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း (WHG) မှဦးဆောင်ပြီး မျိုးနွယ်စုတိုင်းရဲ့ သမိုင်းနဲ့ရိုးရာဝတ်စုံသမိုင်းကြောင်း ရှင်းလင်းသင်ကြားပေးခြင်းကို ဇန်နဝါရီ ၉ ရက်နေ့က မြစ်ကြီးနားမနောကွင်းဝင်းထဲရှိခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။

ရိုးရာယဉ်ကျေးမှုကို သင်ကြားပေးရခြင်းက ကချင်လူမျိုးထဲရှိ မျိုးနွယ်စုများဖြစ်တဲ့ ဂျိန်းဖော့၊ ဇိုင်ဝါ၊ လော်ဝေါ်၊ ရဝမ်၊ လီဆူ၊ လချိတ်စတဲ့ မျိုးနွယ်စု (၆) စုအဖြင် အတူတကွဆင်းသက်လာတဲ့သမိုင်းကြောင်းနဲ့ ထိုမျိုးနွယ်စုတိုင်းရဲ့ မတူညီတဲ့ ဝတ်စားဆင်ယင်ခြင်းသမိုင်းများကို လူငယ်များ လေ့လာဆည်းပူးနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးတာဖြစ်ကြောင်း မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း လူငယ်တာဝန်ခံ ဆရာ La Jar  Gyung Hong ကပြောပါတယ်။

လူငယ်များအနေဖြင့် ကိုယ့်လူမျိုးများရဲ့ ရိုးရာယဉ်ကျေးမှုသမိုင်းနဲ့ ရိုးရာဝတ်စုံ ဝတ်စားဆင်ယင်မှုများကို တန်ဖိုးထားနားလည်လာဖို့နဲ့ ကမ္ဘာကလည်း တန်ဖိုးထားလာအောင်လုပ်ဆောင်ကြဖို့ ကြိုးစားရမှာဖြစ်ကြောင်း သိရှိရပါတယ်။

ဒီသင်တန်းမှာတော့ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း လူငယ်များ၊ မျိုးနွယ်စုတိုင်းရှိ လူငယ်များနဲ့ အခြားသောလူငယ်များလည်း လာရောက်ပါဝင်လေ့လာခဲ့ကြပါတယ်။

Leave a Reply

*