TNLA တပ်များနှင့် RCSS တပ်များတိုက်ပွဲဖြစ်ပွား၊ ရွာသူရွာသား (၄၀၀)ကျော် စစ်ဘေးတိမ်းရှောင်

မန်တုံပတ်ဝန်းကျင်တစ်ဝိုက်ရှိ TNLA တပ်များနှင့် RCSS/SSA တပ်များတိုက်ပွဲဖြစ်ပွားခြင်းကြောင့် ပန်ကွတ်၊ နားတီး၊ ပန်ဆော်၊ မန်ဝါနှင့် မိုင်ဟွီးကျေးရွာမှ ရွာသူရွာသား (၄၀၀)ကျော်သည် မတ်လ(၁၂) ရက်နေ့တွင် မန်စံ သို့စစ်ဘေးတိမ်းရှောင်ရန်ရောက်ရှိနေကြကြောင်းရွာခံများမှတစ်ဆင့်သိရှိရသည်။

PSLF/TNLA သတင်း အရ  မတ်လ ၁၀ ရက်နေ့ တွင် နမ့်ဆန်မြို့နယ်နှင့် ကျောက်မဲမြို့နယ်စပ်ကြား ကြက်သေကျေးရွာ ၊ ကျောက်မဲမြို့နယ် ခွန်ကော်ကျေးရွာ၊ တောဖယ်ကျေးရွာနှင့် နမ့်အန်ကျေးရွာ တွင် TNLA တပ်ရင်း (၂၅၆) နှင့် RCSS တပ်ဖွဲ့တို့ တစ်ကြိမ်၊ နမ္မတူမြို့နယ် မန်ကျော့ကျေးရွာတွင်  TNLA တပ်ရင်း ၉၁၉ နှင့် RCSS အဖွဲ့တို့  တစ်ကြိမ် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်းသိရှိရသည်။

မြန်မာ့တပ်​မ​တော်​ မှ  မတ်​လ ၈ ရက်​ တွင် မန်စပ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်​ခတ်​ခဲ့ သဖြင့် ရွာတွင်းရှိဒေသခံ တားကူန်းလွေး (အသက်(၆၀)နှစ်)နှင့် ယာမာလွေး (အသက်(၅၅)နှစ်) တို့ လက်နက်ကြီး ကျည်စထိမှန်ခြင်းကြောင့် ဒဏ်ရာများ ရရှိခဲ့ကြောင်း လည်း PSLF/TNLA သတင်း အရ သိရှိရသည်။

Leave a Reply

*