ကမ္ဘာအဝှမ်းမှကချင်လူမှုအဖွဲ့ အစည်းများ ပူးပေါင်းဖွဲ့ စည်းထားသော World Kachin Congress အဖွဲ့မှ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် ငွေကြေးသိန်း ၁၂၀ ကျော် တန်ဖိုးရှိ အစားအသောက်များကို မေယုဒေသ ပရဟိတအဖွဲ့မှ တဆင့် ဇွန်လ ၁၅ ရက်နေ့မှာ ထောက်ပံ့ကူညီခဲ့ကြပါတယ်။ ကမ္ဘာတစ်လွှား ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခြင်းကြောင့် စိုးရိမ်နေရပေမယ့် ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်နဲ့ ရခိုင်တပ်မတော်တို့ကြား စစ်ပွဲများစဉ်ဆက်မပြတ်ဖြစ်ပွားနေတာကြောင့် ဒုက္ခရောက်နေရတဲ့ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို World Kachin Congress အဖွဲ့မှ မေတ္တာရှေ့ထားပြီး ငွေကြေးနဲ့ အစားအသောက်များ ကူညီပေးခြင်းဖြစ်ကြောင်း World Kachin Congress အဖွဲ့ထံမှ သိရှိရပါတယ်။ ယခုလို ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို မေတ္တာထား အကူအညီပေးတဲ့ World Kachin Congress အဖွဲ့နဲ့ […]