HPA အဖွဲ့အစည်းမှ Woi Chyai စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေသူများကို ဆေးခြင်ထောင် ပေးဝေမှု ဇူလိုင်လ ၁၀ ရက်နေ့ ပြုလုပ်ခဲ့ပါတယ်။ အသက် ၅ နှစ်အောက်နဲ့ ကိုယ်ဝန်ဆောင်မိခင်များကို အဓိကထားပေးအပ်ခြင်းဖြစ်ကာ မိုးရာသီကာလအတွင်း တုပ်ကွေးဖြစ်စေနိုင်တဲ့ ခြင်ကိုက်ခြင်းမှ ကာကွယ်နိုင်စေဖို့ ဖြစ်ပါတယ်။ ခြင်ထောင်ဝေမျှခြင်းကို ငါးရက်တိုင်တိုင် ပြုလုပ်သွားဖို့ရှိနေကာ သောကြာနေ့မှာတော့ အပိုင်း ၁ နဲ့ ၃၊ စနေနေ့မှာတော့ အပိုင်း ၂၊ တနင်္လာနေ့မှာ အပိုင်း ၄ နဲ့ ၅၊ အင်္ဂါနေ့ အပိုင်း ၆၊ ဗုဒ္ဓဟူးနေ့မှာတော့ အပိုင်း ၇ စသည်ဖြင့် ရက်အပိုင်းအခြားပြုလုပ်ကာ အိမ်ထောင်စု ၁၀၀၀ ကျော်ကို ပေးဝေသွားမှာ ဖြစ်ပါတယ်။ ဆေးခြင်ထောင် ပထမဦးဆုံးအသုံးပြုမည်ဆိုပါက ရေဖြင့်အသုံးမပြုမှီဆေးကြော အရိပ်ရှိရာတွင်လှန်းပြီး […]