ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ဖြစ်တဲ့ စက်တင်ဘာ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံး တစ်ဦးနဲ့တစ်ဦးလေးစား နားလည်မှုရှိပြီး တရားမျှတတဲ့ငြိမ်းချမ်းရေးကို အတူတကွတည်ဆောက်သွားကြဖို့ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့မှ တိုက်တွန်းတဲ့ ကြေညာချက်တစ်ခုထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ကုလသမဂ္ဂအဖွဲ့မှ ၁၉၈၁ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့တွင် သဘောတူညီသတ်မှတ်ခဲ့ကြတာဖြစ်ကာ ယမန်နေ့ကိုအစွဲပြုပြီး မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးကို အလျင်စလိုမပြုလုပ်ပဲ အားလုံးအတူတကွစုပေါင်းကာ တရားမျှတတဲ့ ငြိမ်းချမ်းရေးကို အဖြေရှာကြဖို့လိုအပ်ပါတယ်။ “ငြိမ်းချမ်းရေးကို တရားဝင်အမြန်ဆုံးဖြစ်တည်လာဖို့၊ အလျင်စလိုလုပ်ဆောင်တာမျိုးမဟုတ်ပဲ အားလုံးအတူတကွဆွေးနွေးတိုင်ပင်ပြီး တရားမျှတမှုရှိတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ နိုင်ငံတကာကလည်း ကူညီနိုင်မှာကို မျှော်မှန်းတယ်၊ မြန်မာအစိုးရ တပ်မတော်အနေနဲ့လုပ်ဆောင်နေတာတွေက မှားယွင်းမှုတွေရှိနေတယ်၊ နိုင်ငံတကာမျက်နှာစာမှာ အလုပ်မဖြစ်ဘူးဆိုတာကို သိရှိစေချင်တာကြောင့် ပြည်သူများအနေဖြင့် ဒီသတင်းစကားကို သိရှိရအောင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်” လို့ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ ဥက္ကဌ ဆရာလရှီးလ ကပြောပါတယ်။ ကုလသမဂ္ဂအနေဖြင့် မတ်လ […]