သမိုင်းအမှားမခံကြစေလို

လူမျိုးတစ်မျိုးရဲ့သမိုင်းကြောင်းကို မှားယွင်းစွာဖော်ပြခြင်းက ထိုလူမျိုးများကို အလေးမထားခြင်း လေးစားမှုမရှိခြင်းကြောင့်ပဲဖြစ်ပါတယ်။ ယနေ့ကချင်လူမျိုးများရဲ့ သမိုင်းကြောင်းနဲ့အမည်နာမများကို ခေတ်အဆက်ဆက် မမှန်မကန်ရေးသားခြင်းနဲ့ သင်ကြားခြင်းခံနေရတဲ့အချိန်ဖြစ်နေပါတယ်။ မြန်မာနိုင်ငံ အခြေခံပညာကျောင်းအတွက် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အသစ်ပြဌါန်းလိုက်တဲ့ သတ္တမတန်း ပထဝီကျောင်းသုံးစာအုပ်မှာ ကချင်လူမျိုးများရဲ့ သမိုင်းကြောင်းနဲ့ အမည်နာမ မှားယွင်းစွာဖော်ပြထားမှုကို အဖွဲ့အစည်းများစွာက ထောက်ပြဝေဖန်ခဲ့ကြပါတယ်။ ဒီ သတ္တမတန်းသင်ရိုးညွှန်းတမ်းမှာ ကချင်လူမျိုးများတွင် မျိုးနွယ်စု ၁၂ စုရှိကြောင်းဖော်ပြထားတဲ့အထဲမှာ ကချင်၊ တဂုံ၊ ဒလောင်၊ ဂျိန်းဖေါ့၊ ဂေါ်ရီ၊ ခကူး၊ ဒုရင်း၊ မရူ(လောဂီ)၊ ရဝမ်၊ လရှီ(လာချစ်)၊ အကီးနှင့်လီဆူး ဆိုပြီး စားလုံးပေါင်းအမှား၊ မျိုးနွယ်စုအမှားများစွာဖြင့် ဖော်ပြထားကြပါတယ်။ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့အနေဖြင့် ကချင်လူမျိုးများရဲ့ သမိုင်းကြောင်းနဲ့အမည်နာမ မှားယွင်းစွာအသုံးပြုမှု ပြောင်းလဲပေးဖို့ အစိုးရအဆက်ဆက်တင်ပြမှုတွေရှိခဲ့ပေမယ့် ယနေ့အချိန်ထိ တစ်စုံတစ်ရာပြုပြင်ပြောင်းလဲပေးခြင်းမရှိတဲ့အပြင် အခြေခံပညာ သတ္တမတန်းရဲ့ ၂၀၂၀-၂၀၂၁ […]