ကေအိုင်အိုထိန်းချုပ်နယ်မြေ ရှအစ်ယန်စစ်ဘေးရှောင်စခန်းနဲ့ ဖုန်လွန်ယန်စခန်းတွင် Gender Based Violence (GBV) , Kachin Development Group (KDG), နဲ့ Youth Center တို့အတူပူးပေါင်းပြီး နိုင်ငံတကာလူငယ်များနေ့ကို ဩဂုတ်လ ၈ ရက်နေ့က ပြလုပ်ခဲ့ပါတယ်။ ယခုလို International Youth Day ပြုလုပ်ခြင်းက အမျိုးသမီး အမျိုးသားခွဲခြားခြင်းဖြစ်ရပ်များလျော့ကျလာဖို့၊ လူငယ်တွေ ပညာရေး စီးပွားရေးနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျလာဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ “အမျိုးသမီး အမျိုးသား ခွဲခြားဆက်ဆံခြင်းတွေ လျော့ပါးသွားဖို့နဲ့ လူငယ်တွေ ပညာရေး စီးပွားရေး လုံခြုံမှုရှိရေး၊ လူ့အခွင့်အရေးတွေ၊ ကျန်းမာပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးစတဲ့အရာတွေမှာ တိုးတက်လာဖို့နဲ့ ညှင်းပန်းနှိပ်စက်ခြင်း၊ မညီမျှမှုတွေ မူးယစ်ဆေးဝါးသုံးစွဲတာတွေ လျော့နည်းသွားဖို့အတွက် နိုင်ငံတကာလူငယ်များနေ့ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေခြင်းဖြစ်ပါတယ်” […]