ICRC မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများထောက်ပံ့

ကေအိုင်အိုအစိုးရရဲ့ ကိုဗစ်-၁၉ ရောဂါနှိမ်နှင်းရေးအဖွဲ့ကို International Committee of the Red Cross (ICRC) အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ပေးအပ်ထောက်ပံ့မှုကို ဇူလိုင် ၂၉ ရက်နေ့က ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ မိုင်ဆပ်ပါနေရာမှာ ပေးအပ်ခဲ့ကြပါတယ်။ ICRC အနေဖြင့် ကေအိုင်အိုထိန်းချုပ်နယ်မြေဘက် တိုက်ရိုက်ဝင်ရောက်ကူညီခြင်းမပြုလုပ်နိုင်တာကြောင့် Peace Talk Creation Group (PCG) အဖွဲ့မှတစ်ဆင့် ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးနေရာများနဲ့ ကျန်းမာရေးစောင့်ကြည့်ခံကြသူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ကူညီခြင်းဖြစ်ပါတယ်။ PCG အဖွဲ့က ICRC ကိုယ်စား ကာကွယ်ရေးပစ္စည်းများ သွားရောက် ပေးပို့စဉ်တွင် မြန်မာတပ်မတော်ရဲ့ အဆင့်ဆင့် စစ်ဆေးမေးမြန်းမှုတွေ ခံခဲ့ရတယ်လို့ သိရှိရပါတယ်။ “မနေ့ကတည်းက ကျတော်တို့ ပစ္စည်းထုပ်ပိုးပြင်ဆင်မှုတွေလုပ်ချိန်မှာ ဆန်၊ မိုးကာနဲ့ထီးတွေ ပါဝင်ထားပေမယ့် […]