Gaw Ningja အကြောင်း အမြင်ဖွင့်ဟောပြောမှုပြုလုပ်

Kachin Development Group အဖွဲ့မှ ဦးဆောင်ပြီး လိုင်ဇာမြို့ ရပ်ကွက် (၄) တွင်နေထိုင်တဲ့ မတူညီသော မသန်စွမ်းမှုရှိနေသူအိမ်ထောင်စုများနဲ့ ရပ်ကွက်တွင်းရှိ ရပ်မိရပ်ဖများကို စက်တင်ဘာ ၂၃ ရက်နေ့က ရပ်ကွက်ရုံးတွင် Gaw Ningja နဲ့ပတ်သက်ပြီး အမြင်ဖွင့် ဟောပြောမှု ပြုလုပ်ခဲ့ကြပါတယ်။ ဟောပြောမှုမှာတော့ KDG အဖွဲ့မှ စေတနာ့ဝန်ထမ်းဖြစ်တဲ့ ဆရာမအင်ခွန်ဆမ်တောင်က လိုအပ်ချက်ရှိသူများ အကြောင်းနဲ့ Gaw Ningja အကြောင်းများကို ရှင်းလင်းပြခဲ့ကာ ထိုနှစ်ခုကြားရှိကွဲပြားခြားနားမှုများကိုလည်း ဆွေးနွေးပြောကြားခဲ့ပါတယ်။ လူ့အသိုင်းအဝိုင်းတွင် မသန်စွမ်းသူများကို ပစ်ပယ်ထားခြင်းမပြုလုပ်ပဲ လိုအပ်တဲ့အရာပေါ်ကူညီဖေးမှတတ်ဖို့၊ မသန်စွမ်းသူများရဲ့ ကြိုးစားအားထုတ်မှုဖြင့် ရပ်တည်သွားနိုင်ဖို့ ရည်ရွယ်ကျင်းပခဲ့တာဖြစ်ပါတယ်။ “လူ့ပတ်ဝန်းကျင်တွေမှာ မသန်စွမ်းသူများကို ပြောဆိုဆက်ဆံရာမှ ခက်ထန်ပြီး အထင်သေး ခွဲခြားမှုတွေများပြားတာကြောင့် သူတို့ကို ပစ်ပယ်ထားခြင်းမရှိဘူးဆိုတာကို သိရှိစေဖို့၊ ကိုယ်ရပ်ရွာ ကိုယ့်အိမ်မှာရှိတဲ့ […]