ကမ္ဘာတစ်လွှား ကိုဗစ်-၁၉ ရောဂါကြောင့် ကပ်ဆိုက်နေချိန် တရုတ်နိုင်ငံမှာတော့ ကပ်ရောဂါတစ်ဖွယ် ကူးစက်ပျံ့နှံ့နိုင်တဲ့ ဝက်တုပ်ကွေးဗိုင်းရပ်စ် သစ်တစ်မျိုးကိုသိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိထားတာကြောင့် တရုတ်နိုင်ငံနယ်စပ်တွင် နေထိုင်တဲ့ပြည်သူများနဲ့ ကေအိုင်အိုထိန်းချုပ်နယ်မြေရှိဒေသများ၊ လိုင်ဇာမြို့တွင်းရှိ ဒေသခံများနဲ့ စစ်ဘေးရှောင်သူများကလည်း ကူးစက်မှုဖြစ်ပွားလာမည်ကို စိုးရိမ်နေကြပါတယ်။ G4 EA H1N1 လို့အမည်ပေးထားတဲ့ ဒီဗိုင်းရပ်စ်သစ်ဟာ ဝက်တွေမှာ ဖြစ်ပွားနေတာဖြစ်ပြီး လူလူချင်းကူးစက်နိုင်ပေမယ့် လက်ရှိအချိန်ထိ သက်သေအထောက်အထားတွေ့ရှိရခြင်းတော့ မရှိသေးဘူးလို့ ထုတ်ပြန်ထားပေမယ့် ကပ်ရောဂါအသွင်တော့ ဖြစ်နိုင်တဲ့ အလားလာရှိနေတယ်လို့ သုတေသီတွေက ခန့်မှန်းထားကြပါတယ်။ ဝက်တွေမှာ တွေ့ရှိရတဲ့ ပိုးသစ်ကြောင့် ဝက်မွေးမြူဖို့ ကြောက်ရွံ့နေကြသလိုမဟုတ်ပဲ ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ပြီး ကိုယ့်ဒေသရှိ ဝက်များ ဖျားနာခြင်းမရှိရလေအောင် နည်းမှန်လမ်းမှန်ဖြင့် ရောဂါကူးစက်မှုမဖြစ်ပွားအောင် ပြင်ဆင်သွားရမှာဖြစ်တယ်လို့ ကေအိုင်အို မွေးမြူရေးဌာနက ပညာပေးထားပါတယ်။ “ဝက်ကို အပြင်မှာ လွတ်ထားခြင်းမဟုတ်ပဲ ခြံခတ်ပြီးမွေးမြူမယ်၊ ဝက်ခြံကိုလည်း […]