ဗန်းမော်ဒေသရှိ Ebbyu အသင်းတော်မှ အသင်းသားများနှင့် စေတနာ့လူငယ်များ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသုံးအဆောင်ဖြစ်တဲ့ မျက်နှာအကာ ( Face shields ) များကို လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။ Ebbyu အသင်းတော်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ လုပ်ဆောင်ဖို့ အသင်းတော်ကဦးဆောင်ပြီး လုပ်ဆောင်ခြင်းဖြစ်ကာ ထုတ်လုပ်ထားသောပစ္စည်းများကို ဗန်းမော်ဆေးရုံ၊ လိုင်ဇာဆေးရုံနဲ့ မိုင်ဂျာယန်ဆေးရုံတွေဆီ ပေးအပ်သွားမှာဖြစ်ကာ ဇွန်လ ၁၁ ရက်နေ့က လွယ်ဂျယ်တွင် ရောဂါပိုးတွေ့ရှိသူ တစ်ဦးရှိလာတာကြောင့် နီးစပ်တဲ့ ဆေးရုံတွေမှာလည်း အသုံးပြုနိုင်ဖို့ ထပ်တိုးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ “ကျန်းမာရေးအတွက် လက်တွေ့လုပ်ဆောင်နေသူတွေ ဖျားနာသွားရင် ကျတော်တို့လည်း ထိခိုက်လာမှာပဲလေ။ အဲ့ဒါကြောင့် ကျန်းမာရေးဌာနမှာ လုပ်ဆောင်နေသူတွေ ကျန်းမာနေဖို့ တတ်နိုင်သလောက် ကာကွယ်ရေးပစ္စည်းတွေနဲ့ အကာအကွယ်ရရှိဖို့ သူတို့ကို ကူညီခြင်းဖြစ်ပြီး သူတို့တွေ […]
Tag: COVID-19
ဆွမ်ပရာဘွမ်ဒေသတွင်း COVID-19 ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အချိန်သတ်မှတ်လုပ်ဆောင်
ဆွမ်ပရာဘွမ်ကျန်းမာရေးဌာနနဲ့ ဒေသတွင်းရှိ COVID-19 ကာကွယ်နှိမ်နှင်းရေးကော်မတီတို့ပူးပေါင်းပြီး လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါစိုးရိမ်ဖွယ် သတိထားရမည့်အချိန်ဖြစ်တာကြောင့် ဆွမ်ပရာဘွမ်မြို့အဝင်တွင် ခရီးသွားပြည်သူများကို ကျန်းမာရေးစစ်ဆေးမှု မနက် ၇ နာရီကနေ ညနေ ၇ နာရီအထိ လုပ်ဆောင်နေကာ အခြားအချိန်မှာတော့ ခရီးသွားလာခွင့်မပြုထားပါဘူး။ ခရီးသွားလာသူများကို ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်တဲ့အပြင် ဒေသတွင်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေးအသိပညာပေးမှုတွေကို လုပ်ဆောင်နေတဲ့အကြောင်း ဆွမ်ပရာဘွမ်ကျန်းမာရေးဌာနမှ ဆရာဝန်ဇိန်ဟန်လုဂျာက ပြောပါတယ်။ လယန်ဇွပ်ကျေးရွာတစ်ဝိုက် ကျောက်ဆစ်ခွဲလုပ်ငန်းလုပ်ဆောင်သူတွေထဲမှာ ရှမ်းပြည်နယ်၊ ဆီဆိုင်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားသူတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရတာကြောင့် ကျေးရွာတစ်ဝိုက် သွားလာသူများ နှာခေါင်းစည်းမတပ်မနေရထုတ်ပြန်ထားကာ မတပ်သူများကို အရေးယူခြင်းများလုပ်ဆောင်မည်ဖြစ်ကာ၊ တည်းခိုရိပ်သာတွေ ရပ်နားထားခြင်း၊ ဆိုင်အတွင်း စားသုံးမှုခွင့်မပြုခြင်းစတဲ့ အချက်များကို ဒေသတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်နှိမ်နှင်းရေးကော်မတီက သတ်မှတ်ထားကာ သေချာစွာစီစစ်မှုတွေ လုပ်ဆောင်နေကြပါတယ်။ ဆွမ်ပရာဘွမ်ဒေသတွင်း ဆက်သွယ်ရေးခက်ခဲသလို ခရီးသွားလာခြင်းလည်း […]