ဆွမ်ပရာဘွမ်ဒေသတဝိုက် အတိဒုက္ခရောက်နေရတဲ့ ဒေသခံများကို Covid-19 Concern and Response Committee Kachin အဖွဲ့မှ ဇွန်လ ၂၉ ရက်နေ့က အစားအသောက်နဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးပစ္စည်းများကို သွားရောက် ကူညီထောက်ပံ့ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆွမ်ပရာဘွမ်ဒေသအတွင်းရှိ ခက်ခဲမှုတွေကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်ပြည်သူများ၊ ကျေးရွာများမှ ပြည်သူများအတွက် CCRCK ဆွမ်ပရာဘွမ်အဖွဲ့ကို ပံ့ပိုးပေးခဲ့ပါတယ်။ “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒေသတွင်းရှိ စားဝတ်နေရေးဒုက္ခရောက်နေရသူတွေ စစ်ဘေးရှောင်နေရသူတွေကို သတိရခြင်းအားဖြင့် အစားအသောက်နဲ့ ရောဂါကို တတ်နိုင်သလောက်ကာကွယ်နိုင်ဖို့ ကူညီခြင်းဖြစ်ပါတယ်” လို့ Covid-19 Concern and Response Committee Kachin အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာအင်ခွန်တန်ဂွမ် ကပြောပါတယ်။ CCRCK အနေဖြင့် ကူညီထောက်ပံ့ပေးခဲ့တဲ့ ပစ္စည်းများကတော့ ဆန် (၅)ပြည် […]