အောင်လအန်ဆန် ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သွားပြီ

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ဘောလ်တီမိုးမြို့မှာ မိသားစုနဲ့အတူ နေထိုင်နေတဲ့ မြန်မာ့စပါးအုံးမြွေလို့ လူသိများတဲ့ အောင်လ အန်ဆန်က ဇူလိုင်လ ၂ ရက်နေ့မှာ ဆေးစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရပြီလို့ သူ့ရဲ့ဖေ့ဘွတ်စ်ပေ့မှာ ပရိသတ်များကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ မိသားစုနဲ့အတူ ၁၄ ရက်သာ ကွာရန်တင်းနေထိုင်ခဲ့အပြီးမှာတော့ ယနေ့မနက်ပိုင်းမှာတော့ သူ့ရဲ့လသားအရွယ် သမီးလေးနဲ့အတူ ဆေးစစ်ချက်ဓာတ်ပုံကို တွဲပြီး “အားလုံးကိုသတင်းကောင်းတခုပြောပြချင်ပါတယ်။ လွန်ခဲ့တဲ့စနေနေ့ကစစ်ဆေးထားတဲ့ကျွန်တော်ရဲ့ကိုဗစ်-၁၉ဗိုင်းရပ်စ်စစ်ဆေးချက်အဖြေအရ၊ကျွန်တော်ရောဂါကင်းစင်သွားပါပြီ!။ အခုကျွန်တော်အရင်ကလိုပဲလေ့ကျင့်မှုတွေ၊လုပ်ငန်းဆောင်တာတွေကိုပုံမှန်ပြန်လည်လုပ်ဆောင်သွားတော့မှာပါ။ ကျွန်တော်တို့အားလုံးလဲဒီအိပ်မက်ဆိုးကိုမကြာခင်ကျော်လွှားနိုင်တော့မှာပါ။” လို့ ရောဂါပိုးကင်းစင်သွားပြီ ဖြစ်ကြောင်း ပြန်လည်အသိပေးခဲ့ပါတယ်။ ကမ္ဘာတစ်လွှား COVID-19 ရောဂါဖြစ်ပွားမှု ၁၄ သန်းရောက်တော့မည်ဖြစ်ကာ သေဆုံးသူ ၆ သိန်းနီးပါးရှိပြီး ပြန်လည်သက်သာလာသူကတော့ ၈ သန်းကျော်ရှိကာ အများစုကတော့ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားနေကာ မြန်မာနိုင်ငံမှာတော့ ဇူလိုင်လ ၁၇ ရက်နေ့ […]