အားကောင်းမောင်းသန်ဖြင့်ရှေ့ဆက်နေပြီဖြစ်တဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု

အာဏာသိမ်းအစိုးရကို သန်းပေါင်းများစွာသူ ပြည်သူတွေ နိုင်ငံတဝှမ်း သပိတ်မှောက်နေကြတာ ယနေ့ဆိုရင် ၁၂ ရက်တိတိ ရောက်ရှိနေပြီဖြစ်ကာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး နေရာဖြန့်ကျက်ကာ လုပ်ဆောင်မှုတွေနဲ့ နည်းလမ်းပေါင်းစုံအသုံးပြုကာ နိုင်ငံတကာအထိ အမှန်တရားကို ချပြနိုင်ဖို့ အာဏာရှင်စနစ်ပြုတ်ကျသွားဖို့ ကြိုးစားနေကြပါတယ်။ နိုင်ငံတဝှမ်း သပိတ်မှောက်နေမှုများတွင် ကြွေးကြော်သံများက ကွဲပြားမှုရှိနေပေမယ့် တူညီမှုတစ်ခုကတော့ အာဏာရှင်စနစ်ကျရှုံးရေးဖြစ်ကာ မြို့ကြီးများမှာတော့ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်နဲ့ အခြားဖမ်းဆီးထားခံရသော အကြီးအကဲများ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များကို လွတ်ပေးရေ၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး၊ ၂၀၀၈ ခြေဥဖျက်သိမ်းရေးနဲ့ အာဏာရှင်စနစ်ကျဆုံးရေးတို့ကို အလေးထားတောင်းဆိုကြပါတယ်။ သို့ပေမယ့်လည်း လက်ရှိနိုင်ငံရေးအကြပ်အတည်း ဖြေရှင်းဖို့ နဲ့ နှစ်ပေါင်း ၆၀ ကျော်ရှိနေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းနိုင်ဖို့ လိုအပ်ချက်များဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ဒီမိုကရေစီအပြည့်အဝရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ရေး၊ ၂၀၀၈ အခြေခံဥပဒေ […]