Htoi Gender အဖွဲ့အစည်းမှ ဦးဆောင်ပြီး အမျိုးသမီးအခွင့်အရေးဆိုင်ရာ သင်တန်းတစ်ခုကို ဇွန်လ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ မြစ်ကြီးနားမြို့ သီတာနှစ်ခြင်းအသင်းတော်ကျောင်းဝင်းတွင် သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ အိမ်ထောင်တွင်း ညှင်းပန်းနှိပ်စက်မှု ပုံစံမျိုးစုံဖြင့် ခံစားနေရကာ အခွင့်အရေးဆုံးရှုံးမှုတွေရှိနေတာကြောင့် အမျိုးသမီးများအနေဖြင့် ကိုယ့်အခွင့်အရေးကို တရားဥပဒေနည်းလမ်းအတိုင်း သိရှိနားလည်စေဖို့ ပို့ချပေးခြင်းဖြစ်ပါတယ်။ “ကချင်ပြည်နယ်မှာ အမျိုးသမီးတွေအနေဖြင့် ပုံစံအမျိုးမျိုးဖြင့် ညှင်းပန်းနှိပ်စက်မှုတွေခံစားနေရတာတွေ အခွင့်အရေးဆုံးရှုံးနေရတာတွေ များစွာရှိနေတာဖြစ်တာကြောင့် အမျိုးသမီးများအတွက် မျှတတဲ့အခွင့်အရေးရရှိစေဖို့ ဒီလိုသင်တန်းပို့ချခြင်းဖြစ်ပါတယ်” လို့ Htoi Gender အဖွဲ့အစည်းမှ ဆရာ မရန်ဆွတ်ထွယ်ဆိုင်းအောင်က ဆိုပါတယ်။ ဒီသင်တန်းမှာတော့ လူ့အခွင့်အရေး၊ အစိုးရချမှတ်ထားတဲ့ အမျိုးသမီးအခွင့်အရေး၊ ညှင်းပန်းနှိပ်စက်မှုဆိုင်ရာနဲ့ပတ်သက်ပြီး နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေများကို အခကြေးငွေမယူပဲ ၅ ရက်တိတိပို့ချသွားမှာဖြစ်ကာ ခရီးဝေးမှ […]