ဖားကန့်မြို့နယ် ဝှေခါမှော် မြေပြိုမှုတွင် သေဆုံးသွားသူ ၁၈၂ ဦးရဲ့ ရုပ်အလောင်းများကို ရှာဖွေနိုင်ခဲ့တာကြောင့် ကျန်ရှိနိုင်မည့် ရုပ်အလောင်းများရှာဖွေမှုကို ဇူလိုင်လ ၅ ရက်နေ့မှာတော့ ရပ်ဆိုင်းလိုက်ပါပြီ။ အစိုးရကဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဇူလိုင်လ ၅ ရက်နေ့က မြေပြိုနေရာကို ရောက်ရှိလာခဲ့ကာ သေဆုံးသွားသူများရဲ့ မိသားစုတစ်စုကို ငါးသိန်းစီနဲ့ ဒဏ်ရာရရှိသူများကိုတော့ သုံသိန်းစီ ဖြင့် ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။ အစိုးရအနေဖြင့် ကျောက်မျက်ကုမ္ပဏီများကို အပြစ်တင်ခြင်းမရှိပဲ ရေမဆေးသမားများက လောဘကြောင့်ယခုလို သေဆုံးရခြင်းဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ “အစိုးရအနေဖြင့် ကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခြင်းမရှိသလို ကုမ္ပဏီတွေက အပြစ်မရှိကြောင်း ပြောထားတယ်၊ ဒီလိုပြဿနာဖြစ်ရခြင်းမှာ ကုမ္ပဏီတွေက အဓိကကျတယ်လို အများပြည်သူက မြင်ပြီးသား၊ အစိုးရဝန်ကြီးတွေ ဖားကန့်လာတော့ ဒေသခံတွေနဲ့ တွေ့ဆုံမှုတွေ မလုပ်ခဲ့ဘူး။ ဝှေခါမှော်က အုပ်ချုပ်ရေးမှူး နှစ်ယောက်လောက်နဲ့ပဲ […]