ဝက်ရောဂါဖြစ်ပွားပြီးနောက် ဝက်မွေးမြူသူလျော့နည်းလာ

လွန်ခဲ့တဲ့ မတ်လနဲ့ ဧပြီလအတွင်း ဝက်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း နယ်စပ်တဝိုက်ရှိ စစ်ဘေးရှောင်စခန်းရှိတဲ့ လိုင်ဇာ၊ ဝေကြိုင်၊ ဂျယ်ယန်၊ ဖုန်လွန်ယန်နေရာတွေမှာ ဝက်မွေးမြူရေးလုပ်သူတွေ လက်ရှိအချိန်တွင် လျော့နည်းသွားကြောင်း သိရပါတယ်။ အဲ့ဒီနေရာတွေရှိတဲ့ စစ်ဘေးရှောင်သူတွေကို မေတ္တာလူမှုကူညီရေးအဖွဲ့အစည်းမှ ဝက်မွေးမြူရေးလုပ်ငန်းလုပ်ဆောင်ဖို့ ရင်းနှီးငွေထောက်ပံ့ပေးထားကာ ယခုနှစ်ဖြစ်ပွားတဲ့ ဝက်ရောဂါက ယခင်ဖြစ်ပွားတဲ့ ဝက်ရောဂါထက် ကူးစက်လွယ်ကူတာကြောင့် သေဆုံးမှုများပြားခဲ့ရပါတယ်။ “ကျမမွေးထားတဲ့ ဝက် ၇ ကောင်မှာ ၆ ကောင်က ဝက်ရောဂါဖြစ်ပြီး သေဆုံးသွားတာကြောင့် ဝက်မွေးမြူရေးမလုပ်ချင်တော့ဘူး။ အခုကတော့ ဈေးရောင်းဖို့လည်း အရင်းအနှီးမရှိတော့ ခက်ခံနေရပါတယ်” လို့ ဖုန်လွန်ယန်စစ်ဘေးရှောင်စခန်းမှာ ဝက်မွေးမြူရေးလုပ်နေတဲ့ ဒေါ်မဂျီရွယ်က ပြောပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာ မှီတင်းနေထိုင်ကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေအနေဖြင့် ဝက်မွေးမြူရေးကို စီးပွားဖြစ်ဖြင့် လုပ်ဆောင်နေကြတာမဟုတ်ပေမယ့် ငွေစုတဲ့သဘောနဲ့ ကျောင်းတက်နေတဲ့သားသမီးများကို ကူညီထောက်ပံ့နိုင်ဖို့ မွေးမြူကြခြင်းဖြစ်ကာ ယခင်နှစ် မတ်လနဲ့ […]