စာပေနှင့်ယဉ်ကျေးမှုဌာနချုပ်နဲ့ လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့ တွေ့ဆုံ

လိုင်ဇာမြို့နယ်တွင် တည်ရှိတဲ့ လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုကော်မတီနဲ့ ကေအိုင်အိုအစိုးရ စာပေနှင့်ယဉ်ကျေးမှုဌာနရှိ တာဝန်ရှိသူများနဲ့ လိုင်ဇာမြို့တွင် ဩဂုတ်လ ၁ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။ ယခုလိုတွေ့ဆုံခြင်းက မြို့နယ်အတွင်း လော်ဝေါ် ကော်မတီအဖြစ်ဖွင့်လှစ်ထားနိုင်ပြီဖြစ်တာကြောင့် စာပေနှင့်ယဉ်ကျေးမှုဌာနချုပ်နဲ့လက်တွဲပြီး ရှေ့ဆက်အတူတကွလက်တွဲလုပ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်ပြီး တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။ “ယဉ်ကျေးမှုဆိုတာက လူမျိုးတစ်မျိုးအတွက် အဓိကကျတဲ့အရာပါ၊ ကချင်လူမျိုးတွေအားလုံးဆီမှာလည်း သူ့ယဉ်ကျေးမှုနဲ့ စာပေကိုယ်စီရှိကြတာကြောင့် မြို့နယ်အတွင်း အခုလိုလော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုကော်မတီကို ဖွင့်လှစ်ထားနိုင်ပြီဖြစ်တာကြောင့် ဝမ်းသာတယ်၊ ကချင်လူမျိုးများရဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းကိုလည်း ပိုမိုရှာဖွေဖော်ထုတ်သွားနိုင်ကြပါစေ” လို့ စာပေနှင့်ယဉ်ကျေးမှုဌာနချုပ် တာဝန်ခံ ဦးဇော်အောင် ကခွန်အားပေးစကားပြောခဲ့ပါတယ်။ “ကချင်လူမျိုးတွေထဲမှာ မျိုးနွယ်စု ၆ စုရှိတဲ့အထဲက လော်ဝေါ်တွေက မျိုးနွယ်စုတစ်ခုဖြစ်တာနဲ့အညီ မျိုးနွယ်စုတိုင်းက စာပေ ယဉ်ကျေးမှုတွေရှိကြတယ်၊ လိုင်ဇာမှာရှိကြတဲ့ လော်ဝေါ်တွေအနေဖြင့်လည်း ကိုယ့်ရဲ့စကား စာပေကို မသိရှိတာများပြားနေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ စကား စာပေကိုတန်ဖိုးထား […]