လိုင်ဇာမြို့တွင်း အခုတလော မကြာခဏ လျှပ်စစ်မီးပျက်တောက်မှုဖြစ်ပွားနေရခြင်းက အမှိုက်များကို စနစ်တကျစွန်ပစ်ခြင်းမရှိပဲ ချောင်းထဲကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းများကြောင့် ရေအားလျှပ်စစ်စက်ရုံတွင် အမှိုက်များပိတ်စို့ကာ စက်ချို့ယွင်းမှုနဲ့ ရင်ဆိုင်နေရတာကြောင်း တာဝန်ရှိသူများက ပြောပါတယ်။ လျှပ်စစ်မီးမကြာခဏပျက်တောက်ခြင်းမရှိစေဖို့ ဒေသခံများတွင်လည်း တာဝန်ရှိကာ အမှိုက်များကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းမပြုလုပ်ပဲ စနစ်တကျစွန့်ပစ်ခြင်းဖြင့် ကူညီကြဖို့ ရေအားလျှပ်စစ်စက်ရုံတာဝန်ရှိသူ ဗိုလ်ကြီး Jum Gam Awng ကပြောပါတယ်။ အမှိုက်များကို ရေမြောင်း၊ ချောင်းထဲကို စွန့်ပစ်ခြင်းကနေ မိုးများရေကြီးလာချိန် ရေအားလျှပ်စစ်စက်ရုံရဲ့ အမှိုက်စစ်ပေးတဲ့နေရာတွင် ပိတ်စို့မှုများကြောင့် ယခုလို မကြာခဏ လျှပ်စ်မီးပျက်တောက်သွားကာ လိုင်ဇာမြို့တွင် မိုးရာသီကာလတွင်း မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပါတယ်။ လိုင်ဇာမြို့တွင်းကို ပေးနေတဲ့ လျှပ်စစ်မီးက ရေကာတာပြုလုပ်ပြီး လျှပ်စစ်ထုတ်လုပ်ထားခြင်းမဟုတ်တာကြောင့် နှစ်စဉ်နှစ်တိုင်း အမှိုက်ပိတ်စို့မှု၊ နွေရာသီအချိန်တွင်လည်း ရေအားနည်းသွားများကြောင့် လျှပ်စစ်မီးပျက်တောက်မှု ဖြစ်ပွားလေ့ရှိပါတယ်။