ဖားကန့်-ဂွေခါလမ်း လမ်းပန်းဆက်သွယ်ရေးခက်ခဲ

အင်တော်ကြီးလမ်းကနေ ဖားကန့်ဒေသ ဂွေခါကျေးရွာဘက် ဆက်သွယ်ထားတဲ့ စံပြချောင်းကုန်း၊ ညောင်ထောက်ကုန်း လမ်းပိုင်းမှာ မိုးများအဆက်အပြတ်ရွာသွန်းနေမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေကြောင်း သိရှိရပါတယ်။ ဖားကန့်ဒေသ ဂွေခါကျေးရွာ ရောက်ရှိနိုင်ဖို့ ကားမိုင်း-လုံးခင်းလမ်း၊ တာမခံလမ်းပိုင်းနဲ့ အင်းတော်ကြီးလမ်းဆိုပြီး လမ်းပိုင်း ၃ ပိုင်းရှိကာ အင်းတော်ကြီးလမ်းပိုင်းက မိုးရွာသွန်းမှုများပြားတာကြောင့် လက်ရှိအချိန်တွင် ခရီးသွားလာနေတဲ့ ယာဉ်များက ကားမိုင်း-လုံးခင်းလမ်းပိုင်းကနေ သွားလာနေကြရပါတယ်။ “အခုလက်ရှိ ဂွေခါလမ်းပိုင်းက မိုးများတော့ ကားကြီးတွေ ဖြတ်သွားလို့မရဘူး၊ ဆိုင်ကယ်တွေကတော့ ချိန်းကြိုးတွေချီပြီးတော့ သွားကြတယ်။ တချို့ကတော့ ကားမိုင်းလမ်းပိုင်းကနေပဲ သွားကြတော့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အင်းတော်ကြီးလမ်းပိုင်းကနေ သွားလာကြတဲ့ ကားများဟာ ခရီးသွားလာတဲ့သူတွေနဲ့ ကုန်စည်ပို့ဆောင်တဲ့ ကား၊ ဆိုင်ကယ်အများစုဖြစ်ကာ ယခုလို လမ်းပန်းဆက်သွယ်ရေးခက်ခဲသွားတာကြောင့် မိုးရာသီအတွင်း ကုန်ဈေးနှုန်းမြင့်တက်သွားမည်ကို အများပြည်သူစိုးရိမ်နေကြပါတယ်။ နှစ်စဉ်နှစ်တိုင်း လမ်းပိုင်းများကို […]