လိုင်ဇာမြို့တွင်း ရာသီတုပ်ကွေးရောဂါ ကင်းရှင်စေဖို့ စည်ပင်သာယာရဲ့ အစီအစဉ်ဖြင့် ရပ်ကွက်အဖွဲ့များနဲ့ ပူးပေါင်းပြီး ဇွန်လ ၁၈ ရက်ကနေ ၂၃ ရက်နေ့ထိ မြို့တွင်း သန့်ရှင်းရေးများလုပ်ဆောင်နေကြပါတယ်။ မိုးရာသီကာလတွင် အများပြည်သူ အများစုဖြစ်ပွားလေ့ရှိတဲ့ ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့ချနိုင်ဖို့ ခြင်အောင်းသောနေရာများ ပပျောက်စေဖို့ သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြစ်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ဆောင်နေစဉ်ကာလအတွင်း တုပ်ကွေးရောဂါကိုလည်း ကာကွယ်နိုင်ဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။ “အခုအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးဗဟိုကော်မတီက လုပ်ငန်းစဉ်များကို ချမှတ်ထားချိန် မြို့တွင်း ပိုမိုပြီး သန့်ရှင်းသာယာလှပဖို့ ထိရောက်စေဖို့ ရည်ရွယ်ပြီးတော့ မြို့တွင်းရှိ ကော်မတီများဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်” လို့ လိုင်ဇာမြို့ စည်ပင်သာယာ ညွန်ကြားရေးမှူး ဦးအင်ခွန်လွမ်တူး ကပြောပါတယ်။ အများပြည်သူရဲ့ ကျန်းမာရေးအတွက် စည်ပင်သာယာနဲ့ ရပ်ကွက်ကော်မတီများ၊ […]