Covid-19 နှိမ်နှင်းရေးကာလအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူပိုမိုများပြားလာ

Covid-19 ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ဆောင်နေတဲ့ကာလအတွင်း မြစ်ကြီးနားမြို့တွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေပိုမိုများပြားလာတာကြောင့် မြစ်ကြီးနား မူးယစ်ဆေးဝါးနှိမ်နှင်းရေးကော်မတီမှ မြို့တွင်းနှိမ်နှင်းရေးလုပ်ဆောင်နေစဉ် ဇွန်လ ၁၉ ရက်နေ့မှာတော့ သုံးစွဲသူ အမျိုးသား (၆) ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိသူအားလုံးက ကချင်လူငယ်များဖြစ်ကြကာ စီတာပူရပ်ကွက်မှ ၃ ဦး၊ ဒူကထောင် ကြာရာပါတီနဲ့ အေးမြသာယာ ရပ်ကွက်မှ တစ်ဦးစီဖြင့် ၆ ဦးဖမ်းဆီးရမိခြင်းဖြစ်ကာ အသက်အရွယ်အရ ၂၂ နှစ်နဲ့ ၃၀ နှစ်ကြား လူငယ်တွေဖြစ်ကြပြီး အေးမြသာယာရပ်ကွက်တွင် စုပေါင်းပြီး မူးယစ်ဆေးဝါးအတူတကွသုံးစွဲနေကြတာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူများဟာ ကိုဗစ်-၁၉ ကာကွယ်နှိမ်နှင်းရေးအချိန်အခါကို အခွင့်ကောင်းယူအသုံးပြုနေကြတာကြောင့် မူးယစ်ဆေးဝါးနှိမ်နှင်းရေးကော်မတီအနေဖြင့် စဉ်ဆက်မပြတ် နှိမ်နှင်းရေးလုပ်ငန်းများကို အားစိုက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကော်မတီထံမှ သိရှိရပါတယ်။ ဖမ်းဆီးရမိတဲ့ (၆) ဦးထဲမှ နှစ်ဦးကိုတော့ မိသားစုများရဲ့သဘောတူညီချက်ဖြင့် ကျောင့်မူးဘိန်းဖျက်စခန်းတွင် ထားရှာဖြစ်ကာ ကျန် လေးဦးကိုတော့ […]