ကေအိုင်အိုဌာနချုပ်နယ်မြေကို ဝင်ထွက်သွားလာနေသူ ပြည်သူများနဲ့ ဝန်ထမ်းများကို ကျန်းမာရေးစစ်ဆေးပေးနေတဲ့ မိုင်ဆတ်ပါ အသွားအလာကန့်သတ်စောင့်ကြည့်ရေးနေရာဆီကို ခရိုင်အုပ်ချုပ်ရေးမှူးများ ဇွန်လ ၁၇ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ပိုမိုထိရောက်မှုရှိရှိ လုပ်ဆောင်နိုင်ဖို့၊ ကိုဗစ်-၁၉ ဗဟိုကော်မတီမှ ချမှတ်ထားတဲ့ စည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်နေမှုများကို အတူတကွဆွေးနွေးကာ အားပေးကူညီမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ “အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ကျတော်တို့ ဒီမှာတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ စေတနာ့ဝန်ထမ်းလူငယ်တွေ အားလုံးကို ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများနဲ့ သက်ဆိုင်ပြီး လာရောက်အားပေးစကားပြောဆိုခြင်းဖြစ်ပါတယ်” မိုင်ဆတ်ပါ အသွားအလာစောင့်ကြည့်ရေးနေရာတာဝန်ခံ အုပ်ချုပ်ရေးမှူး ဆိုင်းလီ ကဆိုပါတယ်။ ဒီတွေ့ဆုံမှုတွင် ဝင်ထွက်ပြုနေသူများတွင် တောင်ယာ စိုက်ခင်းသွားရောက် ကြည့်ရှုသူတွေလည်း ပါဝင်ခြင်းကြောင့် ထိုသူများကို ကောင်းမွန်စွာစစ်ဆေးပြီးမှ ဖြတ်သန်းခွင့်ပြုဖို့နဲ့ ခရီးဝေးမှပြန်လည်ရောက်ရှိလာသူများကို သတ်မှတ်ထားတဲ့နေရာတွင် ကျန်းမာရေးစောင့်ကြည့်ခံပြီးမှ သွားလာခွင့်ပြဖို့ ပြောဆိုခဲ့ပါတယ်။ ဌာနချုပ်နယ်မြေ […]