သျှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း (၈) နယ်မြေဖြစ်တဲ့ ဂါလျာန်ဒေသမှာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားနေကာ ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်း ၈ နာရီအချိန်မှာတော့ ကေအိုင်အေတပ်နဲ့ အစိုးရတပ် တပ်မ(၈၈) တို့အကြား မန်ဒုန်တောင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဂါလျာန်ဒေသမှာ လွန်ခဲ့သော ဇွန်လ ၁၇ ရက်နေ့ကတည်းက ကချင်လွတ်မြောက်ရေးတပ်နဲ့ အစိုးရတပ်တို့ကြား ခဏတဖြုတ် တိုက်ပွဲဖြစ်ပွားနေပေမယ့် ဇွန်လ ၂၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မန်ဒုန်တောင်က တိုက်ပွဲမှာတော့ အပြင်းအထန်ဖြစ်ပွားမှုရှိခဲ့ကြောင်း ဒေသခံများဆီမှ သိရပါတယ်။ “သူတို့တတွေ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်ပွားကြတာပါပဲ ဒီတစ်ဖွဲ့နဲ့ပဲဖြစ်မှာပေါ့။ အဲ့အဖွဲ့က ဟိုး… နမ့်ဒူချောင်းဘက် ဆင်းလာသလိုနဲ့ ပြန်လှည့်လာပြီး ဝင်ရောက်လာသူတွေဖြစ်ကြပါတယ်။ တပ်ခွဲ ၂၉ နေတဲ့နေရာဘက်ကို လှုပ်ရှားလာတော့ တိုက်ပွဲဖြစ်ပွားခဲ့ကြတာပါ” […]