မိုးတွင်းကာလ လမ်းပန်းဆက်သွယ်ရေးခက်ခဲလှတဲ့ ဖရဲစစ်ဘေးရှောင်ပြည်သူများရဲ့ တောင်းဆိုမှုအရ လိုအပ်လျက်ရှိနေတဲ့ အနွေးထည်၊ စောင်၊ အခင်းနဲ့ အခြားသော ပစ္စည်းများကို Shingni Nbat အဖွဲ့မှ သွားရောက် ကူညီထောက်ပံ့ပေးမှု ပြုလုပ်ခဲ့ပါတယ်။ ဖရဲဒေသက ရာသီဥတုအေးမြလွန်းပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲလွန်းတဲ့ ဒေသဖြစ်တာကြောင့် နှစ်စဉ်နှစ်တိုင်း စားဝတ်နေရေးခက်ခဲမှုတွေရှိနေခြင်းဖြစ်ကာ ယခုနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သွားလာရေးပိုမိုခက်ခဲသွားစေတာဖြစ်ပေမယ့် ၂၀၂၀ ခုနှစ်အတွက် ကြိုတင်ပြီး လိုအပ်တဲ့ပစ္စည်းများ ထောက်ပံ့ကူညီခြင်းဖြစ်ပါတယ်။ “ဖရဲဒေသက မိုးရာသီမှာလည်း လေပြင်းတိုက်မိုးကြီးတာတွေရှိတော့ သူတို့တွေနွေးနွေးထွေးထွေးရှိစေဖို့ ကြိုတင်အသုံးပြုနိုင်ဖို့နဲ့ သူတို့ဒေသက သွားလာရေးခက်ခဲတဲ့နေရာဖြစ်တော့ ကြိုပြီးကူညီခြင်းဖြစ်ပါတယ်” လို့ Shingni Nbat အဖွဲ့ခေါင်းဆောင် ဒေါ်လဖိုင်နန်ပရီ ကပြောပါတယ်။ ဖရဲစစ်ဘေးရှောင်စခန်းက တရုတ် မြန်မာနိုင်ငံနယ်စပ်အနီးမှာ ရှိနေတာဖြစ်ပေမယ့် လုပ်ကိုင်စားသောက်ဖို့ ခက်ခဲသလို နှင်းကျဆင်းမှုရှိတာကြောက် စိုက်ပျိုးရေးလုပ်ဆောင်ဖို့ အခက်အခဲရှိကာ လက်ရှိဖြစ်ပွားနေတဲ့ […]