၂၀၁၉-၂၀၂၀ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်ခွင့်အောင်စာရင်း တနင်္ဂနွေမနက်ထွက်ပြီ

တက္ကသိုလ်ဝင်ခွင့်အောင်စာရင်း ကြည့်ရှုရာတွင် တိုးဝှေ့ပြီးကြည့်ရှုခြင်း ဓလေ့ရှိတာကြောင့် ယခုနှစ်အောင်စာရင်းထုတ်ပြန်ခြင်းကိုတော့ ပုံစံပြောင်းပြီး ပညာရေးဝန်ကြီးဌာနက စီစဉ်ထားပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေးအချိန်ဖြစ်တာကြောင့် တက္ကသိုလ်ဝင်ခွင့်အောင်စာရင်းများကို ယခင်နှစ်ကအတိုင်း ကျောင်းတွင်သင်ပုန်းကပ်ထုတ်ပြန်ပေးခြင်းကို ယခုနစ်တွင် တစ်ခါတည်းလုပ်ဆောင်တော့မှာ မဟုတ်ပဲ သတ်မှတ်ထားတဲ့ အွန်လိုင်းစာမျက်နှာကနေ ဩဂုတ်လ ၉ ရက် တနင်္ဂနွေမနက်မှာ ထုတ်ပြန်သွားမှာဖြစ်ပြီး သင်ပုန်းကပ်ခြင်းကိုတော့ သက်ဆိုင်ရာကျောင်းများတွင် ဩဂုတ်လ ၁၀ ရက်နေ့ကျမှသာ အမည်စာရင်း ထုတ်ပြန်ပေးသွားဖို့ ရှိနေပါတယ်။ အွန်လိုင်းအမည်စာရင်းထုတ်ပြန်ခြင်းကိုတော့ www.moegov.mm နဲ့ www.myanmarexam.org စတဲ့ Website တွင် ဒေသအလိုက် ထုတ်ပြန်ပေးသွားမှာဖြစ်ကာ သင်ပုန်းကပ်ထုတ်ပြန်မည့်ရက်တွင်လည်း ကိုဗစ်-၁၉ ကော်မတီက ထုတ်ပြန်ထားချက်များအတိုင်း တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာစနစ်ဖြင့် ကြည့်ရှုကြဖို့ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ ၃၅၉ ဦးအထိရှိကာ […]