“သိက္ခာရှိရှိနွေးနွေးထွေးထွေးလုံလုံခြုံခြုံ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွးနွေးမှုပြုလုပ်

ကချင်လူငယ်များလှုပ်ရှားမှုအဖွဲ့ (Kachin Youth Movement) မှ ဦးဆောင်ပြီး စစ်ဘေးရှောင်တွေရဲ့အိမ်ပြန်ခရီးဟာ “သိက္ခာရှိရှိနွေးနွေးထွေးထွေးလုံလုံခြုံခြုံ”  ရှိသင့်တယ်ဆိုတဲ့အကြောင်း စကားဝိုင်းဆွေးနွေးမှုကို ဇွန်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြစ်ကြီးနားရှိ မဒီရာဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဇွန်လ ၆ ရက်နေ့မှာတော့ စစ်ဘေးရှောင်ပြည်သူများရဲ့ အမြင်၊ အတွေ့အကြုံ၊ ခံစားချက်၊ အိမ်ပြန်ခရီးစတဲ့အကြောင်းအရာများအပေါ် အမြင်ဖလှယ်မှုတွေလုပ်ဆောင်ခဲ့ကာ ဇွန်လ ၇ ရက်နေ့မှာတော့ အစိုးရအနေဖြင့် ဘယ်လိုပေါ်လစီတွေထားရှိကာ စစ်ဘေးရှောင်များရဲ့အိမ်အပြန်ခရီးအတွက် လုံခြုံဘေးကင်းမှုရှိဖို့ လုပ်ဆောင်ထားမှုတွေ၊ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေမှုတွေကို ဆွေးနွေးခဲ့ကာ ဇွန်လ ၈ ရက်နေ့မှာတော့ ပြည်သူများရဲ့ ငြိမ်းချမ်းရေးအပေါ်အမြင်တွေ နိုင်ငံတကာမှာဖြစ်ပေါ်နေမှုအပေါ်မူတည်ပြီး လုပ်ဆောင်ရမည့်အရာများစတဲ့ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။ “သိက္ခာရှိရှိနွေးနွေးထွေးထွေးလုံလုံခြုံခြုံ” ဆိုတဲ့ ခေါင်းစဉ်ကိုရွေးချယ်ပြီး စကားဝိုင်းဆွေးနွေးခြင်းက ပြည်သူများအနေဖြင့် စစ်ဘေးရှောင်များကို အမှတ်ရစေဖို့နဲ့ စစ်ဘေးရှောင်တာ […]