ကချင်ပြည်နယ်အတွင်းနဲ့ ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများက ကိုဗစ်-၁၉ ကာလ အချိန်ရှည်ကြာလာရင် အကူအညီပေးနေတဲ့ အဖွဲ့အစည်းများ ကူညီပေးနေမှုလျော့နည်းသွားကာ အစားအသောက် ခက်ခဲမှုဖြစ်ပေါ်မှာကို စိုးရိမ်နေကြရပါတယ်။ ယခင်နှစ်များက အကူအညီပေးမှုတွေ အချိန်နဲ့အမျှရှိနေတာကြောင့် ဆန် ဆီ ဆား ကြက်သွန်အတွက် စိုးရိမ်စရာမရှိကာ ကလေးများရဲ့ ကျောင်းစရိတ်နဲ့ အိမ်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းဖို့ ငှက်ပျော်ခြံ၊ ကြံစိုက်ခင်းများတွင် အလုပ်ဝင်ရောက်လုပ်ကိုင်ကာ စားဝတ်နေရေးပြေလည်ဖို့ ကြိုးစားရုံးကန်ဖြေရှင်းနေပေမယ့် ကိုဗစ်-၁၉ နှိမ်နှင်းရေးကာလမှာတော့ အပြင်ထွက် အလုပ်လုပ်ဆောင်လို့ မရတာကြောင့် ခက်ခံမှုတွေက အဘက်ဘက်ကနေ များပြားလာကြောင်း စစ်ဘေးရှောင်သူများထံမှ သိရှိရပါတယ်။ ယခုလို ကိုဗစ်ကာလမှာ အပြင်ထွက်အလုပ်လုပ်ဖို့ ခက်ခဲသလို လုပ်ငန်းတွေကလည်း ရပ်ဆိုင်းထားတာကြောင့် အလုပ်လုပ်ဖို့နေရာ မရှိဖြစ်နေသလို အကူအညီပေးရေးအဖွဲ့များဆီမှ ကူညီမှုတွေကလည်း လျော့နည်းလာကာ ကပ်ရောဂါကာလ ဆက်ရှိနေမည်ဆိုရင် စစ်ဘေးရှောင်ပြည်သူများအတွက် အစားအသောက်ရရှိမှုလည်း ခက်ခံလာမှာဖြစ်ပါတယ်။ […]