လိုင်ဇာမြို့တွင်းရှိ စာသင်ကျောင်းများဟာ ဇွန်လ ၂၄ ရက်နေ့က စတင်ပြီး ကျောင်းအပ်လက်ခံမှုတွေ လုပ်ဆောင်နေပါပြီ။ ဇူလိုင်လဆန်းပိုင်းတွင် စာသင်ကျောင်းများအားလုံး ဖွင့်လှစ်သွားဖို့ရှိကာ မူလတန်းတွေက တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာ၊ အလယ်တန်းများကတော့ အင်္ဂါ၊ ကြာသပတေးနဲ့ စနေ၊ အထက်တန်းက တနင်္လာကနေ စနေနေ့အထိ တက်ရောက်သင်ကြားဖို့ အချိန်များကို သတ်မှတ်ထားပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဖွင့်လှစ်ခြင်းဖြစ်တာကြောင့် ကျောင်းသားတွေ လိုက်နာရမည့်စည်းကမ်းများ၊ မိဘတွေလိုက်နာရမည့်စည်းကမ်းများ၊ ကျောင်းဆရာ ဆရာမများလိုက်နာရန်စည်းကမ်းနဲ့ ကျောင်းကော်မတီများ လိုက်နာရမည့်စည်းကမ်းများကို ချမှတ်ထားပါတယ်။ ကျောင်းခန်းတစ်ခန်းတွင် ကျောင်းသားဦးရေအများဆုံး ၂၀ ယောက်နဲ့ ကျောင်းသားတစ်ဦးနဲ့တစ်ဦး သုံးပေအကွာဖြင့် ထိုင်စေကာ နှာခေါင်းအကာတပ်ဆင်ခြင်း၊ ပစ္စည်းလဲလှယ်အသုံးမပြုစေခြင်း၊ ကျောင်းသားမိဘများအနေဖြင့် ကျောင်းကြိုပို့အတွက် ကျောင်းဝင်းထဲ ဝင်ခွင့်မရှိခြင်း၊ ကျောင်းက ပေးလိုက်တဲ့ အိမ်စာများကို မိဘများအနေဖြင့် ကြပ်မတ်ပေးရန်၊ ကိုဗစ်-၁၉ […]